Responsive Ads Here

Monday, 1 July 2019

အင်္ဂလန်အမျိုးသမီးအသင်း ချန်ပီယံဖြစ်ပါက အဲလန်ဝှိုက်နှင့်မီလီဘရိုက်တို့ မီလျံနာဖြစ်လာဖွယ်ရှိ


အင်္ဂလန်အမျိုးသမီးအသင်း ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် အဲလန်ဝှိုက်နဲ့ မီလီဘရိုက်တို့ နှစ်ဦးဟာ ညတွင်းချင်းမီလျံနာတွေဖြစ်လာဖို့ ရှိနေပါတယ်။
အသင်းအတွက် ခြေစွမ်းတွေပြထားနိုင်တဲ့ ဝှိုက်နဲ့ ဘရိုက်တို့ဟာ အက်ဒီးဒက်စ်ကုမ္ပဏီနဲ့ စာချုပ်ချုပ်ထားတဲ့ သူတွေဖြစ်တာကြောင့် အင်္ဂလန် အက်ဖ်အေကရရှိတဲ့ အပိုဆုကြေးအပြင် ကုမ္ပဏီကပေးတဲ့ ဆုကြေးတွေကိုလည်း ထပ်မံရရှိမှာဖြစ်ပါတယ်။
အပိုဆုကြေးဟာလည်း ၂၀၁၈ အမျိုးသားကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းကို ပေးအပ်တဲ့ ဆုကြေးငွေနဲ့ တန်းတူရရှိမှာဖြစ်လို့ ပေါ့ဘာလို ကစားသမားမျိုး ရရှိသလိုပဲ ဝှိုက်နဲ့ ဘရိုက်တို့ ရရှိဖို့ နီးစပ်နေတာဖြစ်ပါတယ်။
ဒါ့အပြင် အက်ဒီးဒက်စ်နဲ့ စာချုပ်ချုပ်ထားတဲ့ အဲဒီကစားသမား ၂ ဦးဟာ စပွန်ဆာကြေး နှစ်စဉ်ရရှိနေပြီးတော့ ဖလားရရှိခဲ့မယ်ဆိုရင်တော့ အင်္ဂလန် FA ကပေးမယ့် ပေါင် ၅ သိန်း အပိုဆုကြေး၊ FIFA က ရရှိမယ့် ဆုကြေးတွေနဲ့ ကလပ်အသင်းတွေမှာရရှိတဲ့ လုပ်ခလစာတွေ ပေါင်းလိုက်မယ်ဆိုရင် ညတွင်းချင်း မီလျံနာတွေ ဖြစ်လာမှာပါ။
ဒါ့အပြင် တိုက်စစ်မှူး ဝှိုက်ဟာ လက်ရှိအချိန်ထိ ၅ ဂိုးသွင်းထားတာကြောင့် အမေရိကန် တိုက်စစ်မှူးတွေဖြစ်တဲ့ မော်ဂန်၊ ရက်ပီနိုး၊ သြဇီက ဆမ်ကားတို့နဲ့အတူ ဂိုးသွင်း အများဆုံးကစားသမားအဖြစ် ပူးတွဲရပ်တည်နေလို့ အဲဒီကနေလည်း ဆုကြေးထပ်မံရရှိမှာပါ။
ဝှိုက်နဲ့ဘရိုက်တို့အပါအဝင် ဖီးလ်နဗီးလ်ဦးဆောင်နေတဲ့ အင်္ဂလန်အမျိုးသမီးဟာ ၂၀၁၉ ခုနှစ် ကမ္ဘာ့ဖလား ရရှိနိုင်ဖို့အတွက်ဆိုရင် လာမယ့် ဆီမီးဖိုင်နယ်မှာ တွေ့ဆုံနေတဲ့ ၃ ထပ်ကွမ်း အမျိုးသမီးကမ္ဘာ့ဖလား ချန်ပီယံ အမေရိကန်အသင်းကိုတော့ ကျော်ဖြတ်နိုင်ဖို့ လိုအပ်နေပါတယ်။

ရိုဒရီကို ပေါင် ၆၃ သန်းဖြင့် မန်စီးတီးအသင်း အပြီးသတ်ခေါ်ယူနိုင်တော့မည်


ပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာစီးတီးအသင်းဟာ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ အသက် ၂၂ နှစ်အရွယ် ကွင်းလယ်ဖန်တီးရှင် ရိုဒရီကို ပေါင် ၆၃ သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်တော့မယ်လို့ သိရပါတယ်။
ရိုဒရီဟာ လက်တလော စပိန်ကွင်းလယ်လူ ဆာဂျီယို ဘက်စကွက်နဲ့ နှိုင်းယှဉ်ခံထားရပြီး ခြေစွမ်းအရလည်း အခုထပ်ပိုပြီးတောက်ပလာမယ်လို့ ခန့်မှန်းထားကြပါတယ်။
မန်ချက်စတာ စီးတီးအသင်းဟာ ကစားသမားခေါ်ယူမှုအဖြစ် လက်စတာအသင်းက မားဟက်ဇ်ကို ပေါင်သန်း ၆၀ နဲ့ ခေါ်ယူထားခဲ့တာ နောက်ဆုံးဖြစ်ပါတယ်။
ဂွါဒီယိုလာဟာ ကွင်းလယ်ကစားသမား ဖာနန်ဒင်ဟိုရဲ့နေရမှာ အစားထိုးဖို့အတွက် ရေရှည်ရည်ရွယ်ချက်နဲ့ ရိုဒရီကိုခေါ်ယူတာ ဖြစ်ပါတယ်။
ရိုဒရီဟာ ဗီလာရီးရဲအသင်းမှာ ၈၄ ပွဲကစားပြီး ၂၀၁၈ ခုနှစ် မေလကမှ အက်သလက်တီကို အသင်းကို ပေါင် ၂၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။

ဘီနင်နိုင်ငံတကာ ကြက်တောင်ရိုက်ပြိုင်ပွဲတွင် သက်ထားသူဇာ ဗိုလ်စွဲ



မြန်မာကြက်တောင်ရိုက်အားကစားမယ် သက်ထားသူဇာဟာ အာဖရိကအနောက်ပိုင်း ကဘီနင်နိုင်ငံမှာ ကျင်းပတဲ့ Benin International 2019  ကြက်တောင်ရိုက်ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲသွားပါတယ်။
ဗိုလ်လုပွဲမှာ ပြိုင်ဘက် ပီရူးကစားသမား ဒန်နီလာမာစီးအက်စ်ကို  ၁၇-၂၁၊ ၂၁-၁၈၊ ၂၁-၁၄ နဲ့ အနိုင်ရဗိုလ်စွဲခဲ့တာပါ။
ဒီပွဲကို ဇွန် ၂၇ ကနေ ၃၀ ရက်အထိ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က စီစဉ်ကျင်းပတာပါ။ သက်ထားသူဇာဟာ ဇူလိုင် ၄ ရက်ကနေ ၇ ရက်အထိ အိုင်ဗရီကို့စ်နိုင်ငံမှာ ကျင်းပမယ့် International Series ကြက်တောင်ရိုက်ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ပြိုင်ပွဲမှာ အနိုင်ရပြီးနောက် သက်ထားသူဇာက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ကနေ “ညီမ အရမ်းပျော်တယ်။ ဒီနေ့က ညီမနေ့စဉ် ကြိုးစားအားထုတ်မှုတွေကို အသိမှတ်ပြုခံရတဲ့နေ့ပါပဲ။ ညီမလိုပဲ အစ်ကိုတို့ အစ်မတို့ မောင်လေး၊ ညီမလေးတို့လည်းတနေ့တာကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားကြပါနော်။ အမြဲအားပေးနေတဲ့ ညီမရဲ့ပရိသတ်တွေအားလုံးကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်ရှင့်” လို့ ရေးသားထားပါတယ်။


Friday, 12 April 2019

ကွင်းလယ်လူ ဟာရဲယား မန်ယူမှ ထွက်တော့မည်ဟု မီဒီယာများ ခန့်မှန်း


ကွင်းလယ်ကစားသမား ဟာရဲယားဟာ မန်ချက်စတာယူနိုက်တက် အသင်းကနေ ထွက်ခွာတော့မယ်လို့ ဗြိတိသျှ မီဒီယာတွေမှာ ခန့်မှန်း ဖော်ပြနေပါတယ်။
အသက် ၂၉ နှစ်အရွယ် မန်ယူကွင်းလယ်လူကို ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းကနေ ခေါ်ယူတော့မယ်လို့ သတင်းထွက်နေပါတယ်။
လောလောဆယ်မှာ ဟာရဲယားရဲ့ လက်ရှိ စာချုပ်သက်တမ်းဟာ လာမယ့်ဇွန်လမှာ ကုန်ဆုံးမှာဖြစ်ပြီး မန်ယူက သက်တမ်းတိုးမှာ မဟုတ်ဘူးလို့လည်း ဆိုထားပါတယ်။
ဂါးဒီးယန်းသတင်းမှာတော့ စပိန်ကွင်းလယ်လူဟာ လက်ရှိ တပတ်လုပ်ခလစာ ပေါင် ၈ သောင်းကနေ ၂ သိန်းအထိ တိုးရဖို့ တောင်းဆိုထားတယ်လို့ ရေးသားထားပါတယ်။
မန်ယူကတော့ တပတ်ကို ပေါင် ၁ သိန်း ၂ သောင်းလောက်ပဲ ပေးဖို့ ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။

ဂျပန်တွင်ကျင်းပမည့် ကရာတေးပြိုင်ပွဲတွင် ကချင်စစ်ရှောင်စခန်းမှ ကလေးများ ပါဝင်ယှဉ်ပြိုင်မည်


ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ဧပြီ ၂၀၊ ၂၁ ရက်နေ့ ကျင်းပမယ့် ကျူးရှင်းကရာတေးပြိုင်ပွဲမှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ စစ်ရှောင်စခန်းက ကလေးတွေပါဝင်တဲ့ ကရာတေး အားကစားသမား ၇ ယောက်အဖွဲ့က မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
အဲဒီအားကစားသမားတွေထဲက မဆိုင်းနူးနဲ့ မောင်မရန်ဂျာလတို့ဟာ ရွှေစက်စစ်ရှောင်စခန်းနဲ့ ဒူကထောင် စစ်ရှောင်စခန်းကဖြစ်ပြီး လဘန်ဆန်မိုင်နူး၊ လဘန်ဆိုင်းလတ်အောင်တို့ နှစ်ဦးကတော့ တပ်ကုန်းရပ်ကွက်က ဖြစ်တယ်လို့ သိရပါတယ်။
ဇိုင်းဝန်ပေါင်ကလပ်က အားကစားသမား လေးဦးဟာ စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ အားကစားပွဲမှာလည်း ရွှေတံဆိပ်ဆု ရရှိခဲ့သူတွေ ဖြစ်ကြတဲ့အတွက် အခု ဂျပန်နိုင်ငံမှာ ကျင်းပမယ့် အားကစားပွဲမှာ သွားရောက်ယှဉ်ပြိုင်ခွင့် ရခဲ့တယ်လို့ ဇိုင်းဝန်ပေါင် ကရာတေးကလပ်မှ ဘွေလမ်ယိန်းဘောမ်က ပြောပါတယ်။
ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် အားကစားသမားတွေဟာ မြစ်ကြီးနားရှိ ဇိုင်းဝန်ပေါင် ကရာတေးကလပ်က အားကစားသမား လေးဦး၊ မြစ်ကြီးနား YMCA က တဦးနဲ့ ရန်ကုန်က အားကစားသမား နှစ်ဦး စုစုပေါင်း ၇ ဦး သွားရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
အားကစားသမား ဆိုင်နူးက ပြိုင်ပွဲအတွက် အချိန်ပေး လေ့ကျင့်ထားပြီး အခုပြိုင်ပွဲမှာလည်း ရွှေတံဆိပ်ဆုရဖို့ ယုံကြည်ထားတယ်လို့ ပြောပါတယ်။
အားကစားပြုလုပ်တာဟာ လူငယ်တွေကို မူးယစ်ဆေးအန္တရာယ် မကျရောက်အောင် လုပ်ဆောင်ပေးနိုင်ပြီး အားကစားပေါင်းစုံက အရည်အချင်းရှိတဲ့ အားကစားသမားတွေ ပေါ်ထွက်လာရေး အစိုးရကလည်း ထောက်ပံ့ကူညီပေးဖို့ အများကြီးလိုအပ်တယ်လို့ ဇိုင်းဝန်ပေါင် ကရာတေးကလပ်မှ ဆရာဘွေလမ်ယိန်းဘောမ်က ပြောပါတယ်။

ဗြိတိန်လက်ဝှေ့ကျော် တိုင်ဆန်ဖျူရီ ဇွန် ၁၅ ရက်တွင် တွန်မ်ရှားဝါ့ဇ်နှင့် ထိုးသတ်မည်


ဗြိတိန် နာမည်ကြီး လက်ဝှေ့ကျော် တိုင်ဆန်ဖျူရီဟာ လာမယ့် ဇွန်လ ၁၅ ရက်နေ့မှာ တွန်မ်ရှားဝါ့ဇ်နဲ့ ထိုးသတ်ဖို့ အတည်ပြုခဲ့ပြီလို့ သိရပါတယ်။
MGM GRAND မှာ ကျင်းပမယ့် အဲဒီထိုးသတ်ပွဲဟာ ဖျူရီအတွက် လတ်စ်ဗီးဂတ်စ်မြို့မှာ ပထမဆုံး ထိုးသတ်မယ့်ပွဲလည်း ဖြစ်ပါတယ်။
ဖျူရီက သူ့အနေနဲ့ ပရိသတ်တွေကို ဂန္ထဝင်မြောက် ဘောက်ဆင်ပွဲစဉ်ပြသဖို့ မစောင့်နိုင်တော့ဘူးလို့ ဆိုခဲ့ပြီး ပရိသတ် ၁၇၀၀၀ သာ ဝင်ဆန့်တဲ့ အဲ့ဒီကွင်းကြီးထဲကို ဗြိတိန်နဲ့ အိုင်ယာလန်က ပရိသတ်တွေ လာရောက်အားပေးဖို့လည်း မျှော်လင့်နေပါတယ်။
ဒီပွဲဟာ တိုင်ဆန်ဖျူရီအတွက် အမေရိကန်မြေမှာ ထိုးသတ်တဲ့ တတိယမြောက်ပွဲစဉ် ဖြစ်လာပြီး လော့စ်အိန်ဂျလိစ်မှာ ဒီယွန်တေး ဝိုင်လ်ဒါနဲ့ ထိုးသတ်ခဲ့တဲ့ပွဲမှာ သရေကျထားပြီးတော့ စတိဗ်ကန်နင်ဂန်နဲ့ ထိုးသတ်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က နယူးယောက်ပွဲမှာတော့ အနိုင်ရထားပါတယ်။
တိုင်ဆန်ဖျူရီဟာ လက်ဝှေ့သက်တမ်းတလျှောက် ၂၈ ပွဲလုံး ရှုံးပွဲမရှိသေးဘဲ ၁၉ ပွဲက အလဲထိုး အနိုင်ရရှိထားပါတယ်။
သူနဲ့ထိုးသတ်မယ့် ရှားဝါ့ဇ်ကတော့ ကစားသမား သက်တမ်းတလျှောက် ၂၄ ပွဲ အနိုင်ရရှိထားပြီး ၁၆ ပွဲ အလဲထိုး အနိုင်ရရှိထားခဲ့လို့ လာမယ့်ပွဲဟာ သူ့အတွက် ၂၅ ပွဲဆက် နိုင်ပွဲဖြစ်လာဖို့ရှိတယ်လို့ ကြုံးဝါးထားပါတယ်။
ဂျာမနီနိုင်ငံသား ဟဲဗီးဝိတ်ချန်ပီယံနဲ့ ဖျူရီတို့ရဲ့ ပွဲစဉ်ကိုတော့ BT Sport Box ကနေ ထုတ်လွှင့်ပြသသွားမယ်လို့ ရပါတယ်။

Wednesday, 10 April 2019

စပါးတိုက်စစ်မှူး ဟယ်ရီကိန်း ဒဏ်ရာကြောင့် ရာသီကုန်အထိ နားရမည်


ဒဏ်ရာက ပြန်လည်သက်သာလာကစ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပါဝင်လာခဲ့ပေမယ့် ပွဲအတွင်း ဒဏ်ရာထပ်ရသွားလို့ ရာသီကုန်အထိ အနားယူရတော့မှာ ဖြစ်ပါတယ်။
ပွဲကစားချိန်အတွင်း မန်စီးတီးကစားသမား အော့တာမန်ဒီ၊ ဖာနန်ဒင်ဟိုတို့နဲ့ ထိခိုက်မိခဲ့သလို နောက်ဆုံးမှာ ဖေဘီယန်ဒက်ဖ်နဲ့ ထိခိုက်မိခဲ့လို့ လူစားလဲခဲ့ရပါတယ်။
ပိုချက်တီနိုကတော့ ဟယ်ရီကိန်း ဒဏ်ရာရခဲ့တာနဲ့ ပတ်သက်လို့ ဒက်ဖ်အနေနဲ့ အနီကတ်ပြခံရသင့်ကြောင်း ပြောကြားခဲ့ပြီး နာကျင်ရတဲ့ ကိစ္စတခုဖြစ်တယ်လို့ ဆိုပါတယ်။
ပိုချက်တီနိုအနေနဲ့ ဟယ်ရီကိန်း ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရမှာကို စိုးရိမ်ပူပန်နေပြီး မကြာခင်မှာ အမြန်ဆုံး ပြန်လည်ကောင်းမွန်လာဖို့ ကြိုးစားသွားမယ်လို့ သိရပါတယ်။