Responsive Ads Here

Friday, 12 April 2019

ကွင်းလယ်လူ ဟာရဲယား မန်ယူမှ ထွက်တော့မည်ဟု မီဒီယာများ ခန့်မှန်း


ကွင်းလယ်ကစားသမား ဟာရဲယားဟာ မန်ချက်စတာယူနိုက်တက် အသင်းကနေ ထွက်ခွာတော့မယ်လို့ ဗြိတိသျှ မီဒီယာတွေမှာ ခန့်မှန်း ဖော်ပြနေပါတယ်။
အသက် ၂၉ နှစ်အရွယ် မန်ယူကွင်းလယ်လူကို ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းကနေ ခေါ်ယူတော့မယ်လို့ သတင်းထွက်နေပါတယ်။
လောလောဆယ်မှာ ဟာရဲယားရဲ့ လက်ရှိ စာချုပ်သက်တမ်းဟာ လာမယ့်ဇွန်လမှာ ကုန်ဆုံးမှာဖြစ်ပြီး မန်ယူက သက်တမ်းတိုးမှာ မဟုတ်ဘူးလို့လည်း ဆိုထားပါတယ်။
ဂါးဒီးယန်းသတင်းမှာတော့ စပိန်ကွင်းလယ်လူဟာ လက်ရှိ တပတ်လုပ်ခလစာ ပေါင် ၈ သောင်းကနေ ၂ သိန်းအထိ တိုးရဖို့ တောင်းဆိုထားတယ်လို့ ရေးသားထားပါတယ်။
မန်ယူကတော့ တပတ်ကို ပေါင် ၁ သိန်း ၂ သောင်းလောက်ပဲ ပေးဖို့ ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။

No comments:

Post a Comment