Responsive Ads Here

Monday, 8 April 2019

ပေါ့ဂ်ဘာကို ခေါ်ယူရန် ရီးရဲလ် အရှိန်မြှင့်ကြိုးပမ်း

ရီးရဲလ်မက်ဒရစ်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဂ်ဘာကို လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့အတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်းနေပါတယ်။
ပေါ့ဂ်ဘာဟာ ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်း ထိပ်ဆုံးကမျက်စိကျနေတဲ့ ကစားသမား ဖြစ်တာကြောင့် ပေါ့ဂ်ဘာရဲ့အေးဂျင့် ရွိုင်းအိုလာကို ဖိအားပေးပြီး ခေါ်ယူနိုင်ဖို့လည်း စီစဉ်နေတာပါ။
အစောပိုင်းက လာလီဂါထိပ်သီး ဘာစီလိုနာက ခေါ်ယူဖို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပေမယ့်လည်း တကယ်တမ်းမှာတော့ ရီးရဲလ်မက်ဒရစ်က လက်ဦးမှုရယူပြီး ခေါ်ယူမယ့် အခြေအနေ ဖြစ်လာခဲ့တာပါ။
ရီးရဲလ်မက်ဒရစ်အသင်းဟာ ကစားသမားတိုင်းအတွက် အိပ်မက်ဖြစ်သလို ကမ္ဘာပေါ်မှာ အကြီးဆုံးကလပ်အသင်း ဖြစ်တယ်လို့ ပေါ့ဂ်ဘာက ပြောကြားခဲ့ပြီး လက်ရှိအသင်းမှာ ပျော်ရွှင်နေပေမယ့် အနာဂတ်ဟာ ဘယ်လိုဖြစ်လာမယ်ဆိုတာ မသေချာဘူးလို့ ပြောကြားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ ချဲလ်ဆီးကစားသမား အီဒင်ဟာဇက်ကို ၆ နှစ်စာချုပ်နဲ့ ခေါ်ယူဖို့ရှိတယ်လို့လည်း စပိန် မာကာသတင်းစာရဲ့ ဖော်ပြချက်အရ သိရပါတယ်။


No comments:

Post a Comment