Responsive Ads Here

Monday, 1 July 2019

ဘီနင်နိုင်ငံတကာ ကြက်တောင်ရိုက်ပြိုင်ပွဲတွင် သက်ထားသူဇာ ဗိုလ်စွဲ



မြန်မာကြက်တောင်ရိုက်အားကစားမယ် သက်ထားသူဇာဟာ အာဖရိကအနောက်ပိုင်း ကဘီနင်နိုင်ငံမှာ ကျင်းပတဲ့ Benin International 2019  ကြက်တောင်ရိုက်ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲသွားပါတယ်။
ဗိုလ်လုပွဲမှာ ပြိုင်ဘက် ပီရူးကစားသမား ဒန်နီလာမာစီးအက်စ်ကို  ၁၇-၂၁၊ ၂၁-၁၈၊ ၂၁-၁၄ နဲ့ အနိုင်ရဗိုလ်စွဲခဲ့တာပါ။
ဒီပွဲကို ဇွန် ၂၇ ကနေ ၃၀ ရက်အထိ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က စီစဉ်ကျင်းပတာပါ။ သက်ထားသူဇာဟာ ဇူလိုင် ၄ ရက်ကနေ ၇ ရက်အထိ အိုင်ဗရီကို့စ်နိုင်ငံမှာ ကျင်းပမယ့် International Series ကြက်တောင်ရိုက်ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ပြိုင်ပွဲမှာ အနိုင်ရပြီးနောက် သက်ထားသူဇာက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ကနေ “ညီမ အရမ်းပျော်တယ်။ ဒီနေ့က ညီမနေ့စဉ် ကြိုးစားအားထုတ်မှုတွေကို အသိမှတ်ပြုခံရတဲ့နေ့ပါပဲ။ ညီမလိုပဲ အစ်ကိုတို့ အစ်မတို့ မောင်လေး၊ ညီမလေးတို့လည်းတနေ့တာကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားကြပါနော်။ အမြဲအားပေးနေတဲ့ ညီမရဲ့ပရိသတ်တွေအားလုံးကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်ရှင့်” လို့ ရေးသားထားပါတယ်။


No comments:

Post a Comment