Responsive Ads Here

Wednesday, 10 April 2019

စပါးတိုက်စစ်မှူး ဟယ်ရီကိန်း ဒဏ်ရာကြောင့် ရာသီကုန်အထိ နားရမည်


ဒဏ်ရာက ပြန်လည်သက်သာလာကစ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပါဝင်လာခဲ့ပေမယ့် ပွဲအတွင်း ဒဏ်ရာထပ်ရသွားလို့ ရာသီကုန်အထိ အနားယူရတော့မှာ ဖြစ်ပါတယ်။
ပွဲကစားချိန်အတွင်း မန်စီးတီးကစားသမား အော့တာမန်ဒီ၊ ဖာနန်ဒင်ဟိုတို့နဲ့ ထိခိုက်မိခဲ့သလို နောက်ဆုံးမှာ ဖေဘီယန်ဒက်ဖ်နဲ့ ထိခိုက်မိခဲ့လို့ လူစားလဲခဲ့ရပါတယ်။
ပိုချက်တီနိုကတော့ ဟယ်ရီကိန်း ဒဏ်ရာရခဲ့တာနဲ့ ပတ်သက်လို့ ဒက်ဖ်အနေနဲ့ အနီကတ်ပြခံရသင့်ကြောင်း ပြောကြားခဲ့ပြီး နာကျင်ရတဲ့ ကိစ္စတခုဖြစ်တယ်လို့ ဆိုပါတယ်။
ပိုချက်တီနိုအနေနဲ့ ဟယ်ရီကိန်း ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရမှာကို စိုးရိမ်ပူပန်နေပြီး မကြာခင်မှာ အမြန်ဆုံး ပြန်လည်ကောင်းမွန်လာဖို့ ကြိုးစားသွားမယ်လို့ သိရပါတယ်။

No comments:

Post a Comment