Responsive Ads Here

Friday, 12 April 2019

ဗြိတိန်လက်ဝှေ့ကျော် တိုင်ဆန်ဖျူရီ ဇွန် ၁၅ ရက်တွင် တွန်မ်ရှားဝါ့ဇ်နှင့် ထိုးသတ်မည်


ဗြိတိန် နာမည်ကြီး လက်ဝှေ့ကျော် တိုင်ဆန်ဖျူရီဟာ လာမယ့် ဇွန်လ ၁၅ ရက်နေ့မှာ တွန်မ်ရှားဝါ့ဇ်နဲ့ ထိုးသတ်ဖို့ အတည်ပြုခဲ့ပြီလို့ သိရပါတယ်။
MGM GRAND မှာ ကျင်းပမယ့် အဲဒီထိုးသတ်ပွဲဟာ ဖျူရီအတွက် လတ်စ်ဗီးဂတ်စ်မြို့မှာ ပထမဆုံး ထိုးသတ်မယ့်ပွဲလည်း ဖြစ်ပါတယ်။
ဖျူရီက သူ့အနေနဲ့ ပရိသတ်တွေကို ဂန္ထဝင်မြောက် ဘောက်ဆင်ပွဲစဉ်ပြသဖို့ မစောင့်နိုင်တော့ဘူးလို့ ဆိုခဲ့ပြီး ပရိသတ် ၁၇၀၀၀ သာ ဝင်ဆန့်တဲ့ အဲ့ဒီကွင်းကြီးထဲကို ဗြိတိန်နဲ့ အိုင်ယာလန်က ပရိသတ်တွေ လာရောက်အားပေးဖို့လည်း မျှော်လင့်နေပါတယ်။
ဒီပွဲဟာ တိုင်ဆန်ဖျူရီအတွက် အမေရိကန်မြေမှာ ထိုးသတ်တဲ့ တတိယမြောက်ပွဲစဉ် ဖြစ်လာပြီး လော့စ်အိန်ဂျလိစ်မှာ ဒီယွန်တေး ဝိုင်လ်ဒါနဲ့ ထိုးသတ်ခဲ့တဲ့ပွဲမှာ သရေကျထားပြီးတော့ စတိဗ်ကန်နင်ဂန်နဲ့ ထိုးသတ်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က နယူးယောက်ပွဲမှာတော့ အနိုင်ရထားပါတယ်။
တိုင်ဆန်ဖျူရီဟာ လက်ဝှေ့သက်တမ်းတလျှောက် ၂၈ ပွဲလုံး ရှုံးပွဲမရှိသေးဘဲ ၁၉ ပွဲက အလဲထိုး အနိုင်ရရှိထားပါတယ်။
သူနဲ့ထိုးသတ်မယ့် ရှားဝါ့ဇ်ကတော့ ကစားသမား သက်တမ်းတလျှောက် ၂၄ ပွဲ အနိုင်ရရှိထားပြီး ၁၆ ပွဲ အလဲထိုး အနိုင်ရရှိထားခဲ့လို့ လာမယ့်ပွဲဟာ သူ့အတွက် ၂၅ ပွဲဆက် နိုင်ပွဲဖြစ်လာဖို့ရှိတယ်လို့ ကြုံးဝါးထားပါတယ်။
ဂျာမနီနိုင်ငံသား ဟဲဗီးဝိတ်ချန်ပီယံနဲ့ ဖျူရီတို့ရဲ့ ပွဲစဉ်ကိုတော့ BT Sport Box ကနေ ထုတ်လွှင့်ပြသသွားမယ်လို့ ရပါတယ်။

No comments:

Post a Comment