Responsive Ads Here

Monday, 10 September 2018

မန်ယူသို့ ရောက်မည်ဟု သတင်းများထွက်နေစဉ် နည်းပြ ပြန်လုပ်မည်ဟု ဇီဒန်းအတည်ပြု



မန်ယူက နည်းပြမော် ရင်ဟို၏နေရာတွင် ရီးရဲလ်နည်းပြ ဟောင်း ဇီဒန်းကို အစားထိုးခန့် အပ်မည်ဆိုသော သတင်းများ ထွက်ပေါ်နေစဉ် ဇီဒန်းက မကြာ မီနည်းပြလောကသို့ ပြန်လာမည် ဟု အတည်ပြုပြောကြားသည်။
ပင်သစ်အသင်းနှင့်အတူ ကမ္ဘာ့ဖလားရခဲ့သော ဇီဒန်းသည် ၎င်း၏ ပထမဆုံးအသင်းကြီးနည်း ပြဘဝတွင် ရီးရဲလ်နှင့်အတူ ချန်ပီယံလိဂ်ဖလား သုံးကြိမ်ဆက် ရရှိခဲ့သည်။ ယင်းကဲ့သို့ချန်ပီယံ လိဂ် အောင်မြင်မှုများနှင့်အတူ ရီးရဲလ်မှ ထွက်ခွာလာသော ဇီဒန်း ကို မန်ယူကခေါ်ယူမည်ဟု သတင်းထွက်ပေါ်နေသည်။
မန်ယူ၏ ယခုရာသီအစ ပိုင်းရလဒ်များ မကောင်းဖြစ်နေ ခြင်းနှင့်အတူ မော်ရင်ဟိုနေရာ တွင် အစားထိုးနိုင်မည့် နည်းပြ တစ်ဦး ရှာဖွေနေသည်ဆိုသော သတင်းများ ထွက်ပေါ်နေပြီးဇီဒန်း သည် လျာထားစာရင်းတွင်နံပါတ် (၁) နေရာ၌ ရှိသည်ဟု သတင်း များက ဆိုသည်။
‘‘ကျွန်တော်နည်းပြအဖြစ် မကြာခင်ပြန်လာပါမယ်’’ ဟု ဇီဒန်းက အတည်ပြုပြောကြား သည်။
၎င်းသာ မန်ယူနည်းပြဖြစ် လာပါက ကမ္ဘာ့အဆင့်ကစားသ မားလေးဦး ခေါ်ယူလိုသည်ဟု သတင်းများက ဖော်ပြပြီး တိုနီ ခရုဇ့်၊ ဂျိမ်းစ်ရိုဒရီဂွတ်ဇ်၊ သီယာဂို အယ်လ်ကန်တာရာ၊ အက်ဒီဆင် ကာဗာနီတို့ကို မန်ယူသို့ခေါ်ယူလို သည်ဟု ဆိုသည်။
သို့သော် မော်ရင်ဟိုသည် မန်ယူတွင် ဆက်လက်နေလိုပြီး အသင်းတာဝန်ရှိသူများက လက် ရှိအနေအထား ပြောင်းလဲရေး ၎င်းကို အချိန်ပေးမည်ဟုဆိုသည်။
ဇီဒန်းသည် ၂၀၁၆ က ရာ ဖေးလ်ဘင်နီတက်ဇ်၏နေရာ၌ ခန့်အပ်ခံရကာ ရီးရဲလ်ကို ချန်ပီ ယံလိဂ်ဖလားသုံးလုံး၊ ဖီဖာက လပ်များ ကမ္ဘာ့ဖလားနှစ်လုံးနှင့် ယူအီးအက်ဖ်အေစူပါဖလား တစ် လုံး၊ စပိန်ဖလားတစ်လုံးရအောင် စွမ်းဆောင်နိုင်ပြီးနောက် ကမ္ဘာ့ နာမည်အကြီးဆုံး နည်းပြဖြစ်လာ သည်။
ဇီဒန်းအနေဖြင့် မန်ယူသို့ လာမည် ဟု မပြာသေးသော်လည်း  တစ်နိုင်ငံတည်းသား ပေါ့ဂ်ဘာက ၎င်းကိုကြိုဆိုမည်ဖြစ်သည်။

No comments:

Post a Comment