ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်ထဲက စမ်းချောင်း Food Town မှာ သနပ်ခါးသင်္ကြန်ကို ဧပြီ ၉ ရက်က စတင်ကျင်းပနေပါတယ်။
သနပ်ခါးသင်္ကြန်ကို ဧပြီ ၉ ရက်ကနေ ၁၂ ရက်အထိ ကျင်းပမှာ ဖြစ်ပြီး သနပ်ခါးသင်္ကြန်မှာ သနပ်ခါးနဲ့ရေပက်တာနဲ့ ဒူးရင်းသီးမုန့်လုံးရေပေါ် ကျွေးမွေးသွားဖို့လည်း ရှိပါတယ်။
ပထမဆုံးနေ့မှာတော့ ရာသီဥတုပူပြင်းတာရယ် ရုံးဖွင့်ရက်ဖြစ်တာရယ်ကြောင့် လာရောက်သူ နည်းပါးနေ သေးတာတွေ့ရပါတယ်။
မြန်မာ့ရိုးရာ သယံဇာတတွေကို မူပိုင်ဖြစ်စေဖို့နဲ့ ရိုးရာသင်္ကြန်ကို ထိန်းသိမ်းဖို့ အခုလို့ သနပ်ခါးသင်္ကြန်ကျင်းပရတာဖြစ်ပြီး နှစ်စဉ်ကျင်းပသွားမယ်လို့ ပွဲစီစဉ်သူက ပြောပါတယ်။
Ref: http://burmese.dvb.no
No comments:
Post a Comment