Responsive Ads Here

Tuesday, 9 April 2019

အက်သလက်တီကို တိုက်စစ်မှူး ဒီယေဂိုကော်စတာ ၈ ပွဲပယ်ပြစ်ဒဏ် ကျခံရဖွယ်ရှိ


ဘာစီလိုနာအသင်းနဲ့ ပွဲစဉ်​မှာ ပြဿနာတက်​ခဲ့ပြန်​တဲ့ ဒီ​ယေဂို​ကော်​စတာဟာ ၈ ပွဲပယ်​ပြစ်​ဒဏ် ကျခံရဖို့ ရှိနေတဲ့အတွက် အက်​သလက်​တီကိုနဲ့ ကော်စတာတို့ရဲ့ဇာတ်​လမ်း တခန်းရပ်​ဖို့ ဖြစ်​နိုင်​​ချေ များနေပါတယ်။
အ​စောပိုင်းသတင်း​တွေအရ ​ကော်​စတာကို အသင်းမှာ ဆက်​လက်​ထိန်းသိမ်းဖို့ မ​သေချာဖြစ်​​နေခဲ့ပြီး​ အခုပြဿနာ​ကြောင့် ကစားသမားအ​နေနဲ့ ရာသီကုန် လက်​ကျန်​ပွဲစဉ်​​တွေ အကုန်​လုံး လွဲ​ချော်​​တော့မှာဖြစ်​ပါတယ်​။
ဒီ​ယေဂို​ကော်​စတာဟာ ဒိုင်​လူကြီးဖြစ်​သူ​ ဂီးလ်​ကို ကိုယ်​ထိလက်​​ရောက် ကိုင်​တွယ်​ခဲ့တဲ့ အပြင်​ မိခင်​ကို ​စော်​ကားတဲ့ စကားလုံး​တွေ ပြောကြားခဲ့တာ​ကြောင့်​ ပုံမှန်​အနီကတ်​အရ ၂ ပွဲသာ ပွဲပယ်​ခံရမှာဖြစ်​​ပေမယ့် စပိန်​​ဘောလုံးအဖွဲ့ချုပ်​က အခုလို ကြီး​လေးတဲ့အပြစ်​​ပေးဖို့် ပြင်​ဆင်​​နေတာပါ။
တချို့သတင်း​တွေမှာ​တော့ ​ကော်စတာအ​နေနဲ့ ၄ ပွဲက​နေ ၆ ပွဲထိသာ ပွဲပယ်​ခံရနိုင်​တယ်​လို့ ​ရေးသား​ဖော်​ပြ​နေကြပါတယ်​။
ကော်​စတာဟာ မကြာခဏဆိုသလို ကွင်းတွင်းပြဿနာ​တွေနဲ့ ကြုံ​တွေ့​နေရပြီး ချန်​ပီယံလိဂ်​ရှုံးထွက်​ ၁၆ သင်းအဆင့်​ ဒုတိယအ​ကျော့မှာလည်း အနီကတ်​ ပြသခံထားရပါတယ်​။
ဒီယေဂို​ကော်စတာဟာ အခုရာသီ အက်​သလက်​တီကိုအသင်း ကစားခဲတဲ့ ၄၁ ပွဲမှာ ၂၁ ပွဲ ကစားထားပြီး ၅ ဂိုးသာ သွင်းယူထားပါတယ်​။
နည်းပြဆီမြွန်​နီက ​ကော်စတာကို အ​ထောင်​တိုက်​စစ်​​နေရာမှာ ထားပြီး မိုရာတာ၊ ဂရစ်​ဇ်​မန်းတို့ကို ​နောက်​က​နေ ဝန်းရံကစား​စေတဲ့ နည်းစနစ်​ကို နှစ်​သက်​​ပေမယ့်​ လာမယ့်​ရာသီမှာ​တော့ ချဲလ်​ဆီးတိုက်​စစ်​မှူး​ဟောင်းလည်းဖြစ်​တဲ့ ​ကော်​စတာမပါဘဲ ခရီးဆက်​ဖို့ရှိနေတာ ဖြစ်​ပါတယ်​။


No comments:

Post a Comment