ဆာအဲလက်စ်ဖာဂူဆန်ဟာ ဘဝအတွက် လွှမ်းမိုးမှုအရှိဆုံးဖြစ်ပြီး ဒုတိယအဖေလို့တောင် သတ်မှတ်တယ်လို့ ဘာစီလိုနာအသင်း နောက်ခံလူ ဂျရတ်ပီကေးက ပြောကြားလိုက်ပါတယ်။
ပီကေးက မန်ချက်စတာယူနိုက်တက်အသင်းမှာ စတင်ကစားချိန်က အင်္ဂလိပ်စာ ညံ့ခဲ့ကြောင်း၊ ဒါပေမယ့် ဖာဂူဆန်က သူ့ကို အချိန်ပိုပေးတဲ့အထိ ကူညီပေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဖာဂူဆန်ရဲ့ အကြံပြုချက်တွေဟာ ကစားသမားဘဝ စတင်မယ့်သူ တယောက်အတွက် များစွာအရေးပါခဲ့လို့ ကျေးဇူးအရမ်းတင်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
ဖာဂူဆန်အပြင် မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်း ရီယိုဖာဒီနန်ဟာ သူ့ကို အမြဲတမ်း ဆုံးမခဲ့သူဖြစ်ပြီး အခုလိုအခြေအနေမှာ ရပ်တည်နိုင်တာဟာ သူတို့ရဲ့ကျေးဇူးတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ပီကေးဟာ အသင်းဟောင်း မန်ချက်စတာယူနိုက်တက်ကို ၂၀၀၈ ခုနှစ်နောက်ပိုင်းမှ ပထမဆုံးအကြိမ် လာရောက်ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။
No comments:
Post a Comment