Responsive Ads Here

Friday, 28 December 2018

ဝေကြိုင်စစ်ရှောင်စခန်းရှိ သက်ကြီးရွယ်အိုများ လေဖြတ်ရောဂါ ဖြစ်ပွားမှု များလာ


ကချင်ပြည်နယ်၊ လိုင်ဇာ ဝေကြိုင်စစ်ရှောင်စခန်းမှာ နေထိုင်နေတဲ့ သက်ကြီးရွယ်အိုတွေ လေဖြတ်ရောဂါ ဖြစ်ပွားမှု များလာတယ်လို့ စခန်းတာဝန်ခံက ပြောပါတယ်။
ဝေကြိုင် စစ်ရှောင်စခန်းမှာ နေထိုင်နေသည့် ပြည်သူတွေဟာ စခန်းကို ရောက်ရှိလာပြီး ၂ နှစ်လောက်အထိ လေဖြတ်ရောဂါဖြစ်ပွားသူ မရှိဘဲ အခုနောက်ပိုင်းမှ လေဖြတ်ရောဂါခံစားရသူ စစ်ရှောင်ပြည်သူ လူဦးရေများလာတယ်လို့ စခန်း ဒုတာဝန်ခံ ဦးတူးခေါင်က ပြောပါတယ်။
သက်ကြီးရွယ်အို ၁၀၀၀ ကျော်ရှိတဲ့ ဝေကြိုင်စစ်ရှောင်စခန်းကို ရပ်ကွက် ၇ ခုခွဲထားပြီး တရပ်ကွက်ကို ၅ ဦး ၆ ဦးနှုန်း လေဖြတ်ရောဂါကို ခံစားနေရပြီး စုစုပေါင်း ၃၆ ဦး ရှိနေပါတယ်။ ရောဂါဖြစ်ပွားပြီး ၁ လအတွင်း အသက်ဆုံးရှုံးမှုတွေလည်း ရှိတယ်လို့ ဆိုပါတ်ယ။
စစ်ရှောင်စခန်းမှ လေဖြတ်ရောဂါ ခံစားနေရသူတွေ ပြည်သူ့ဆေးရုံမှာ လာရောက်ကုသမှု တွေရှိပြီး စစ်ရှောင်စခန်းမှာ နေထိုင်တာကြောင့် လေဖြတ်ရောဂါဖြစ်ပွားရတာ မဟုတ်ဘူးလို့ ဗဟို ပြည်သူ့ဆေးရုံကြီး (လိုင်ဇာ) မှ ဆရာဝန် လမုန်ဆန်နောတောင်က ပြောပါတယ်။
လက်ရှိအချိန်တွင် စစ်ရှောင်စခန်းမှာ အိမ်ထောင်စု ၁၄၅၉ စုနေထိုင်နေပြီး လူဦးရေ ၇၁၇၃ ဦး နေထိုင်ပါတယ်။ အဆိုပါ ပြည်သူတွေဟာ မြစ်ကြီးနား-ဗန်းမော်ကားလမ်းရှိ ကျေးရွာတွေမှ ၂၀၁၁ ခုနှစ်ကစပြီး ထွက်ပြေး တိမ်းရှောင်လာသူတွေ ဖြစ်ပါတယ်။

Ref-http://burmese.dvb.no

No comments:

Post a Comment