ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ဆိုရင် နိုင်ပွဲတွေ ပြန်ယူကြဖို့ လိုတယ်လို့ မန်စီးတီးကစာသမားတွေကို နည်းပြ ဂွါဒီယိုလာက တိုက်တွန်းလိုက်ပါတယ်။
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ၂ ပွဲဆက်တိုက် ရှုံးပွဲကြုံတွေ့ခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့ ၇ မှတ်အထိ ကွာဟနေတာပါ။
ကစာသမားတွေဆီက အကောင်းဆုံးခြေစွမ်းတွေ ပြန်ရလာဖို့ ကူညီသွားမှာဖြစ်ပြီး အပြောင်းအလဲတွေ လုပ်ဆောင်သွားမယ်လို့လည်း ဂွါဒီယိုလာကပြောကြားခဲ့ပါတယ်။
မန်စီးတီးအသင်းအနေနဲ့ အကောင်းဆုံးခြေစွမ်းတွေ ရှိခဲ့ပေမယ့် ရှုံးပွဲ ၂ ပွဲတွေ့ခဲ့တာက အမှန်တရားဖြစ်ပြီး မိမိတို့ထက် ကောင်းမွန်တဲ့ အသင်း နှစ်သင်း ရှိနေပြီလို့လည်း ဂွါဒီယိုလာက ဆိုပါတယ်။
ချန်ပီယံအတွက် နိုင်ပွဲမဖြစ်မနေ ပြန်ယူကြဖို့လိုပြီး အဲဒီလိုမလုပ်နိုင်ရင်တော့ ဆုဖလားရဖို့ ဖြစ်နိုင်မှာ မဟုတ်ဘူးလို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ လာမယ့် ဒီဇင်ဘာ ၃ဝ ရက်မှာ ဆောက်သမ်တန်အသင်းနဲ့ အဝေးကွင်း သွားရောက်ကစားရမှာဖြစ်ပါတယ်။
Ref-http://burmese.dvb.no
No comments:
Post a Comment