မန်ချက်စတာယူနိုက်တက်အသင်းဟာ ကစားသမား ၆ ဦးကို ရောင်းထုတ်သွားဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။
နည်းပြ ဆိုးလ်ရှားဟာ အသင်းကို ကျစ်ကျစ်လျစ်လျစ်တည်ဆောက်ဖို့ ကြိုးစားနေပြီး အသုံးမဝင်တဲ့ ကစားသမား အများစုကို ရောင်းချသွားဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။
ရာသီအကုန်မှာ ရောင်းချသွားမယ့် ကစားသမား ၆ ဦးစာရင်းမှာ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ မာတာ၊ ဟာရဲယားတို့ အပါအဝင် နောက်ခံလူတွေဖြစ်တဲ့ ဗလင်စီယာ၊ ရိုဟို၊ ဒါမီယန်နဲ့ အဲရစ်ဘိုင်ယီတို့ ဖြစ်တယ်လို့ သိရပါတယ်။
အသင်းခေါင်းဆောင် ဗလင်စီယာကတော့ အသင်းကနေ ထွက်ခွာဖို့ သေချာနေပြီး ဟာရဲယားဟာလည်း အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်လို့ ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့မယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
ဒါ့အပြင် လုပ်ခအများဆုံး ပေးချေထားရတဲ့ ဆန်းချက်ဇ်ရဲ့ အခြေအနေကိုလည်း ဆွေးနွေးဆုံးဖြတ်သွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။
No comments:
Post a Comment