မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းဟာ အိုမန်၊ ကာတာ အသင်းတို့နဲ့ ခြေစမ်းပွဲ ကစားမယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က ဒီဇင်ဘာ ၂၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းဟာ ဇန်န၀ါရီ အစောပိုင်းမှာ ခြေစမ်းပွဲတွေ ယှဉ်ပြိုင်ကစားဖို့ ဖိတ်ကြားခံရတာလို့ ဆိုပါတယ်။
မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းဟာ အိုမန်ယူ-၂၃ အသင်းနဲ့ အိုမန်နိုင်ငံ၊ Muscat မြို့ ဇန်န၀ါရီ ၇ ရက်နေ့မှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
ကာတာယူ-၂၃ အသင်းနဲ့ ပွဲစဉ်ကိုတော့ ကာတာနိုင်ငံ၊ ဒိုဟာမြို့၊ ဇန်န၀ါရီ ၁၀ ရက် ယှဉ်ပြိုင် ကစားမှာ ဖြစ်ပါတယ်။
မြန်မာယူ-၂၃ အသင်းကို နည်းပြချုပ်အဖြစ် ဦးကြည်လွင်က တာဝန်ယူ ဆောင်ရွက်နေတာဖြစ်ပြီး ခြေစမ်းပွဲတွေ ယှဉ်ပြိုင်ကစားမယ့် ကွင်းအမည်၊ ပွဲကစားချိန်နဲ့ တိုက်ရိုက်ကြည့်ရှုနိုင်မယ့် Link တွေကို ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။
Ref-http://burmese.dvb.no
No comments:
Post a Comment