Responsive Ads Here

Thursday, 6 December 2018

ယူကရိန်းက လေကြောင်းကာကွယ်ရေးစနစ်နှင့် ဒုံးကျည်စမ်းသပ်ပစ်ခတ်မှု ပြုလုပ်


ယူကရိန်းနိုင်ငံ အိုဒစ်ဆာဒေသမှာ ဒီဇင်ဘာ ၅ ရက်နေ့က ခေတ်မီ S-125 လေကြောင်းကာကွယ်ရေးစနစ်နဲ့ Neptune ခရုဇ်ဒုံးကျည် စမ်းသပ်ပစ်ခတ် လေ့ကျင့်မှုတွေ ဆက်တိုက် ပြုလုပ်ခဲ့ပါတယ်။
အဲဒီဒေသဟာ အသိမ်းပိုက်ခံ ခရိုင်းမီးယားဒေသဘေးမှာ တည်ရှိပြီး စမ်းသပ်ပစ်ခတ်မှုတွေကို စောင့်ကြည့်လေ့လာခဲ့တဲ့ ယူကရိန်း အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီ အကြီးအကဲက စမ်းသပ်မှုရလဒ်တွေကို ကျေနပ်တယ်လို့ ပြောခဲ့ပါတယ်။
အဲဒီဒုံးကျည်တွေဟာ ပင်လယ်နက်နဲ့ အာဇော့ဗ်ပင်လယ် တလျှောက်က နယ်စပ်လုံခြုံရေးကို ကာကွယ်နိုင်တယ်ဆိုတာ သက်သပြခဲ့တယ်လို့ ကာကွယ်ရေးကောင်စီ အကြီးအကဲ သဲချင်နော့က ပြောပါတယ်။
Neptune ခရုဇ်ဒုံးကျည်သစ်တွေဟာလည်း ၂၈၀ ကီလိုမီတာ အကွာအဝေးက ရေကြောင်းပစ်မှတ်တွေကို ပစ်ခတ်နိုင်စွမ်းရှိတယ်လို့ စမ်းသပ်လေ့ကျင့်ကွင်းမှာ သူက ပြောကြားပါတယ်။
ယူကရိန်းစစ်သင်္ဘောနှစ်စီးနဲ့ ဆွဲသဘောင်္တစီးတို့ကို ရုရှားကဖမ်းဆီးပြီး ရုရှားနဲ့ အနောက်အုပ်စုအကြား တင်းမာမှုတွေ မြင့်တက်ချိန်မှာ အခုလို ဒုံးကျည်စမ်းသပ်မှုတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

Ref: http://burmese.dvb.no

No comments:

Post a Comment