Responsive Ads Here

Thursday, 6 December 2018

ဘာစီလိုနာကွင်းလယ်လူ ဒန်းနစ်ဆွာရက်ဇ်ကို ခေါ်ယူရန် ချဲလ်ဆီးအသင်း ပြင်ဆင်


ချဲလ်ဆီးအသင်းဟာ ဘာစီလိုနာကွင်းလယ်လူ ဒန်းနစ်ဆွာရက်ဇ်ကို ပေါင် ၄၅ သန်းနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။
အသက် ၂၄ နှစ်ရှိ စပိန်ကွင်းလယ်လူ ဒန်းနစ်ဆွာရက်ဇ်ဟာ အခုနှစ်ရာသီ ဘာစီလိုနာအသင်းမှာ တပွဲပဲ ကစားရသေးတာပါ။
သူ့ကို အေစီမီလန်အသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ချဲလ်ဆီးအသင်းအနေနဲ့ အပြိုင်ကမ်းလှမ်းရဖို့ ရှိနေပါတယ်။
Express သတင်းစာရဲ့ အဆိုအရ ဒန်းနစ်ဆွာရက်ဇ် ကိုယ်တိုင်ကလည်း အသင်းမှာ ပွဲထွက်ခွင့်မရလို့ စိတ်ပျက်နေပြီး အသင်းပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။
ဆွာရက်ဇ်ဟာ လူငယ်ကစားသမားဘဝက မန်စီးတီးအသင်းမှာ ၂ နှစ်ကြာ ကစားဖူးပြီး ဖလားပွဲနှစ်ပွဲပဲ ကစားခဲ့ရပါတယ်။
၂ဝ၁၆ ခုနှစ်က ဆီဗီလာကနေ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ပြီးနောက်မှာတော့ စုစုပေါင်း ၆၅ ပွဲကစားခဲ့ပြီး ၆ ဂိုး သွင်းယူပေးထားပါတယ်။
Ref: http://burmese.dvb.no

No comments:

Post a Comment