Responsive Ads Here

Thursday, 6 December 2018

တရုတ် မြောက်ဘက်စွန်းဒေသတွင် အပူချိန်ကျဆင်းပြီး ရေခဲမြူများ ဖုံးအုပ်



တရုတ်နိုင်ငံ မြောက်ဘက်အစွန်းရှိ မိုဟော့မြို့မှာ ဒီဇင်ဘာ ၅ ရက်က အပူချိန် ၄၃ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ်ထိ ကျဆင်းခဲ့လို့ ရေခဲမြူတွေ ဖုံးအုပ်သွားပြီး မြို့တွင်း မြင်နိုင်စွမ်း မီတာ ၁၀၀ အောက်ထိ ကျဆင်းသွားပါတယ်။
ဒီရာသီဥတုကြောင့် ယာဉ်ကြော ထိခိုက်မှုတချို့ ရှိပေမယ့် ကမ္ဘာလှည့် ခရီးသည်တွေရဲ့ စိတ်အားထက်သန်မှုကတော့ လျော့မသွားပါဘူး။
သူတို့ဟာ ရေပူစမ်းက ရေငွေ့တွေ ရေခဲသလင်းပွင့်အဖြစ် အသွင်ပြောင်းသွားတဲ့ ရှုခင်းကို ကြည့်ဖို့ စိတ်အားထက်သန်နေကြတာပါ။
ကျန်းရှီးပြည်နယ်ကနေ လာလည်သူ တန်ကျန်းက “လေထဲပန်းထွက်လာတဲ့ ရေတွေ ချက်ချင်း ရေခဲဖြစ်သွားတာကို မြင်ရတာ စိတ်လှုပ်ရှားဖို့ သိပ်ကောင်းတယ်၊ သိပ်လှတယ်၊ တခြား ဘယ်နေရာမှာမှ မမြင်ရနိုင်ဘူး၊ စိမ့်နေအောင်ချမ်းတဲ့ ခံစားချက်မျိုး ကျနော်လိုချင်တယ်” လို့ ပြောပါတယ်။
မနက် ၁၀ နာရီထိုးတဲ့အထိ ရေခဲမြူတွေ ပျောက်မသွားသေးပါဘူး။ လာမယ့် ရက်အနည်းငယ်အတွင်း အပူချိန် နည်းနည်းပြန်တက်လာမယ်လို့ မိုဟော့မြို့ မိုးလေဝသဌာနက ဟောကိန်းထုတ်ထားပါတယ်။

Ref: http://burmese.dvb.no

No comments:

Post a Comment