Responsive Ads Here

Monday, 5 November 2018

ကင်ဂျုံအန်း၏အစ်ကိုအား လုပ်ကြံခဲ့သည့် အမျိုးသမီး ၂ ဦးအမှု နိုဝင်ဘာ ၇ ရက်နေ့ ကြားနာမည်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ အကိုဖြစ်သူကို လုပ်ကြံသတ်ဖြတ်မှုနဲ့ အဖမ်းခံထားရတဲ့ အမျိုးသမီး ၂ ဦးရဲ့ အမှုကို လာမယ့်နိုင်ဝင်ဘာလ ၇ ရက်နေ့ မလေးရှားတရားရုံးမှာ ကြားနာမှာဖြစ်ပါတယ်။
အသက် ၂၅ နှစ်အရွယ် အင်ဒိုနီးရှား အမျိုးသမီးနဲ့ အသက် ၂၈ အရွယ် ဗီယက်နမ်အမျိုးသမီး တို့ဟာ ပြီးခဲ့နှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကွာလမ်လန်ပူ လေဆိပ်မှာ ကင်ဂျူံနန်းရဲ့ မျက်နှာကို VX အဆိပ်နဲ့ ပက်ဖျန်းပြီး လုပ်ကြံခဲ့ရာမှာ အဓိက ပတ်သက်သူတွေအဖြစ် စွပ်စွဲခံထားရတာပါ။
သူတို့ရဲ့ ရှေ့နေတွေကတော့ ဒါဟာ နိုင်ငံရေးရည်ရွယ်ချက်တွေ အနောက်မှာ ရှိနေတယ် လို့ ပြောပါတယ်။
ကွာလမ်လာပူက မြောက်ကိုရီးယား သံရုံးနဲ့ဆက်နွှယ်မှုတွေက အဓိက သံသယဖြစ်စရာ    ဖြစ်နေသလို အဲဒီအမျိုးသမီးနှစ်ဦးဟာ ဓားစာခံ နယ်ရုပ်တွေသာဖြစ်တယ်လို့ ပြောပါတယ်။
အမျိုးသမီး ၂ ဦးဟာ သူတို့ အနေနဲ့ သေစေနိုင်လောက်တဲ့ တိုက်ခိုက်မှုမှာ ပါဝင်တယ်ဆိုတာ မသိရသလို ဖြစ်ရပ်မှန် တီဗွီအစီအစဉ်မှာ ပါဝင်တယ်လို့သာ သိထားတယ်လို့ သူတို့ရှေ့ နေတွေကို ပြောထားတာပါ။
ပြစ်မှု ထင်ရှားတယ်ဆိုရင် သူတို့ ၂ ဦးဟာ သေဒဏ်ကျခံရမှာဖြစ်ပါတယ်။ အမှုမှာပါဝင်တဲ့ မြောက်ကိုရီးယား အမျိုးသား ၄ ဦးကိုလည်း ဖမ်းဝရမ်းထုတ်ထားပြီး နိုင်ငံတကာရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ပြီး ဖမ်းဆီးနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေပါတယ်။

Ref:http://burmese.dvb.no


No comments:

Post a Comment