Responsive Ads Here

Sunday, 4 November 2018

အနာဂတ်တွင် ဟာဇက် ဘလွန်းဒီအောဆုရနိုင်ဟု ကာဘာယီ ပြော


ချဲလ်ဆီးအသင်းမှာ ခြေစွမ်းပြနေတဲ့ ဘယ်လ်ဂျီယံ အသင်းခေါင်းဆောင် ဟာဇက်ဟာ ဘလွန်းဒီအောဆုကို ဆွတ်ခူးနိုင်တယ်လို့ ကာဘာယီက ပြောပါတယ်။
ဟာဇက်ဟာ ကလပ်အသင်းမှာ ခြေစွမ်းပြခဲ့ရုံမကပဲ ကမ္ဘာ့ဖလားမှာလည်း ဘယ်လ်ဂျီယံအသင်းကို တတိယရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့လို့ အနာဂတ်မှာ ဟာဇက် ဆုရရှိနိုင်တယ်လို့ သုံးသပ်ခဲ့တာပါ။
ဟာဇက်နဲ့ ကာဘာယီတို့ဟာ လိုင်လီအသင်းမှာတုန်းက အတွဲဖက်မိမိနဲ့ ကစားခဲ့ဖူးပြီး ကာဘာယီအတွက် ဘောလုံးကစားတဲ့ သက်တမ်းတလျှောက် အကောင်းဆုံးတွဲဖက်ဖြစ်တယ်လို့ ဆိုပါတယ်။
ဟာဇက်ကို ခေါ်ယူဖို့အတွက် ဥရောပကလပ် အသင်းကြီးအချို့က ပစ်မှတ်ထားနေပြီးတော့ စပိန်ထိပ်သီးရီးရဲမက်ဒရစ် အသင်းကတော့ ထိပ်ဆုံးက ပါဝင်နေပါတယ်။
ဟာဇက်ကို ချီးကျူးပြောဆိုခဲ့တဲ့ ကာဘာယီကတော့ လက်ရှိဒူဘိုင်းကလပ် အဲလ်နာဆာမှာ ကစားနေပြီး နည်းပြလောကကို ဝင်ရောက်ဖို့ ကြိုးပမ်းနေသူလည်း ဖြစ်ပါတယ်။

Ref:http://burmese.dvb.no

No comments:

Post a Comment