Responsive Ads Here

Monday, 5 November 2018

အသင်းပိုင်ရှင် ဈာပနကို လက်စတာအသင်းသားများ တက်ရောက်ဂါရ၀ပြု


လက်စတာစီးတီးအသင်းနည်းပြနဲ့ ကစားသမားတွေဟာ ကွယ်လွန်သွားတဲ့ အသင်းပိုင်ရှင် ဗီချိုင်းရဲ့ ဈာပနကို  တက်ရောက်ပြီး ဂါရ၀ပြုခဲ့ကြပါတယ်။
လက်စတာအသင်းဟာ စနေနေ့မှာ ကစားခဲ့တဲ့ ကာဒစ်စီးတီး ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ ပွဲပြီးပြီးချင်းမှာပဲ မိုင်ပေါင်း ၆၀၀၀ ကွာဝေးတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို လာရောက်ပြီး ဗီချုင်းအတွက် လွမ်းသူ့ပန်းခွေတွေ ချပေးခဲ့သလို ဆုတောင်းမူတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။
လက်စတာအသင်းသားတွေအနေနဲ့ တနင်္လာနေ့အထိ ဘန်ကောက်မှာ ဆက်ရှိနေမှာဖြစ်ပြီး အင်္ဂါနေ့မှ အင်္ဂလန်ကို ပြန်လည်ရောက်ရှိမယ်လို့သိရပါတယ်။
လက်စတာအသင်းပိုင်ရှင် ဗီချိုင်းဟာ အောက်တိုဘာ ၂၇ ရက်က ကစားခဲ့တဲ့ လက်စတာနဲ့ ၀က်စ်ဟမ်း အသင်းတို့ ရဲ့ပွဲစဉ်အပြီး ဟယ်လီကော်ပတာနဲ့ ပြန်အထွက်မှာ ပျက်ကျပြီး သူနဲ့အတူ ၀န်ထမ်း ၄ ဦးလည်း သေဆုံးခဲ့တာပါ။
ထိုင်းလူမျိုး ဗီချိုင်းဟာ ၂၀၁၀ ပြည့်နှစ်ကတည်းက လက်စတာအသင်းကို ၀ယ်ယူခဲ့ပြီး ၂၀၁၅-၂၀၁၆ ခုနှစ်မှာ လက်စတာအသင်းက ပရီးမီးယားလိဂ်ချန်ပီ ယံဆုကိုရယူနိုင်ခဲ့ပါတယ်။

Ref:http://burmese.dvb.no

No comments:

Post a Comment