ဟာရီကိန်းမုန်တိုင်း ဖလောရင့်စ်ဟာ အဆင့် ၄ မုန်တိုင်းအဖြစ် ပြောင်းလဲသွားပြီဖြစ်တာကြောင့် အမေရိကန်အရှေ့ပိုင်း ကမ်းရိုးတန်းမှာ မုန်တိုင်းကြိုတင်ကာကွယ်ရေးတွေ လုပ်ဆောင်နေပါတယ်။
မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာတော့ ဖော့ဒ်ဘရက် စစ်အခြေစိုက်စခန်းက အပါချီလေယာဉ် အစင်း ၈၀ နီးပါးကို ဘေးလွတ်ရာ ပြောင်းရွှေ့ထားပြီးဖြစ်ပါတယ်။
ဒါ့ပြင် ဗာဂျီးနီးယားပြည်နယ်က တိုက်ခိုက်ရေးလေယာဉ်တွေကိုလည်း အိုဟိုင်းယိုးပြည်နယ်က အမျိုးသားလေကြောင်းတပ်ဖွဲ့ အခြေစိုက်စခန်းဆီ ပြောင်းရွှေ့ထားပါတယ်။
မာတယ်ဘိခ်ျမြို့မှာတော့ ဒေသခံတွေဟာ အိမ်တွေနဲ့ ကားတွေကို မုန်တိုင်းဒဏ်ကနေ ကာကွယ်ဖို့ သဲအိတ်တွေနဲ့ အကာအကွယ် လုပ်နေပါတယ်။
မုန်တိုင်း ဖလောရင့်စ်ဟာ အင်္ဂါနေ့မှာ ပိုအားကောင်းလာတာကြောင့် အခုတပတ်နှောင်းပိုင်းမှာ အမေရိကန် အရှေ့တောင်ကမ်းရိုးတန်းကို ဝင်တိုက်တဲ့အခါ မိုးရက်ဆက်ရွာတာ၊ ရေကြီးတာနဲ့ လျှပ်စစ်မီး ပြတ်တောက်တာတွေ ဖြစ်နိုင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
မုန်တိုင်းဟာ သောကြာနေ့မှာ တောင်နဲ့ မြောက်ကယ်ရိုလိုင်းနား ကမ်းခြေတလျှောက်ကို ဝင်ရောက်မှာဖြစ်လို့ လေပြင်းနဲ့ လှိုင်းကြီးနိုင်တယ်လို့ အမေရိကန် အမျိုးသားဟာရီကိန်းစင်တာက သတိပေးထားပါတယ်။
Ref: http://burmese.dvb.no
No comments:
Post a Comment