Responsive Ads Here

Tuesday, 11 September 2018

ဥရောပဘောလုံးအဖွဲ့ချုပ်က တတိယမြောက် ကလပ်အသင်းပြိုင်ပွဲ ကျင်းပရန် စီစဉ်နေ


ဥရောပဘောလုံးအဖွဲ့ချုပ်ဟာ ၂၀၂၁ ခုနှစ်မှာ တတိယမြောက် ကလပ်အသင်းပြိုင်ပွဲတခု ကျင်းပဖို့ စီစဉ်နေပါတယ်။
လက်ရှိအချိန်မှာ ဥရောပကလပ်အသင်းပြိုင်ပွဲတွေအဖြစ် ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေကို ကျင်းပနေတာပါ။
ခရိုအေးရှားနိုင်ငံမှာ ပြုလုပ်တဲ့ ဥရောပကလပ်အသင်းများအဖွဲ့ချုပ် (ECA) အစည်းအဝေးမှာ ECA ရဲ့ အကြီးအကဲဖြစ်သူ အက်နယ်လီက ပြောကြားခဲ့တာပါ။
ပြိုင်ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ကြေညာခြင်း မရှိသေးပေမယ့် ပြိုင်ပွဲကျင်းပဖို့ သဘောတူညီမှု ရခဲ့ပြီလို့ သိရပါတယ်။
ယူရိုပါလိဂ်ပြိုင်ပွဲမှာ ၄၈ သင်းနဲ့ ယှဉ်ပြိုင်ကစားနေတာကို ၃၂ သင်းအထိ လျှော့ချမှာဖြစ်ပြီး တတိယမြောက် ကလပ်ပြိုင်ပွဲကို ၃၂ သင်းနဲ့ ကျင်းပဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
လက်ရှိပြိုင်ပွဲကျင်းပမှုပုံစံအရ ပြောင်းလဲဖို့လိုတာကြောင့် တတိယမြောက် ကလပ်အသင်းပြိုင်ပွဲ ကျင်းပဖို့ စီစဉ်ရတာဖြစ်တယ်လို့လည်း အက်နယ်လီက ပြောကြားခဲ့ပါတယ်
Ref: http://burmese.dvb.no



No comments:

Post a Comment