Responsive Ads Here

Tuesday, 11 September 2018

ငဖဲမြို့နယ်​ မန်း​ချောင်း မင်းဆည်​အတွင်းမှ စစ်​ကျန်​ အ​မြောက်​ကျည်​ဆန်ဟောင်းများ တွေ့ရှိ


မ​ကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်​၊ စစ်​​တောရွာ​တောင်​ဘက်​ မန်း​ချောင်းမင်းဆည်​ထဲ ကနေ စက်​တင်​ဘာလ ၁၁ ရက်​​ မနက်​ ၈ နာရီ​လောက်​က စစ်​ကျန်​ အ​မြောက်​ကျည်​ဆန်ဟောင်း ၁၂ လုံး​တွေ့ရှိခဲ့ပါတယ်​။
အ​မြောက်​ဆံ​ဟောင်း​တွေရှိသူ ဦး​မောင်​​မောင်​​အေးက “လမ်းသွားရင်း ရေထဲမှာ ​ကြေး​ရောင်​​လေး​တွေ​ပေါ်​နေလို့ ​ကောက်​ကြည်​တာပါ။ အစက​တော့ သိမ်​ပန္နက်​ငုတ်​ထင်​ပြီး ​ဖော်​ကြည့်မှ အ​မြောက်​ဆံ​တွေဖြစ်​​နေတဲ့အတွက်​ အုပ်​ချုပ်​​ရေးမှူးကို အ​ကြောင်းကြားခဲ့တာပါ”လို့ ​ပြောပါတယ်​။
ငဖဲမြို့မရဲစခန်းမှ ရဲအရာရှိတစ်​ဦးက”အ​မြောက်​ဆံ ၃လုံး​တွေ့ထားတယ်​လို့ ပန်းထိမ်း အုပ်​ချုပ်​​ရေးမှူးက သတင်း​ပေးတဲ့အတွက်​ ငဖဲမြို့နယ် ​ရဲတပ်​ဖွဲ့မှူး၊ အ​မြောက်​တပ်​ တပ်​ရင်းမှူး၊ အ​ထွေ​ထွေအုပ်​ချုပ်​​ရေးအဖွဲ့​တွေ ပူး​ပေါင်းပြီး သွား​ရောက်​စစ်​​ဆေး​တော့ အ​မြောက်​ကျည်​ဆန် ဟောင်း ၃ လုံးအပြင်​ ​နောက်​ထပ်​ ၉ လုံး စုစု​ပေါင်း ၁၂ လုံး​ တွေ့ရှိသိမ်​ဆည်းခဲ့တာပါလို”ဆိုပါတယ်​။
အဆိုပါစစ်​ကျန်​ အ​မြောက်​ကျည်​ဆန်ဟောင်း​တွေကို အမှတ်​ (၃၇၅) အ​မြောက်​တပ်​မှ တပ်​ရင်းမှူး ဗိုလ်​မှူး ​ဇော်​ဝင်းလွင်​က ယာယီထိန်းသိမ်းထားတယ်​လို့ ငဖဲမြို့မရဲစခန်းက သိရပါတယ်​။

Ref: http://burmese.dvb.no

No comments:

Post a Comment