ကစားသမား သက်တမ်းတလျှောက် ဒဏ်ရာပြဿနာတွေနဲ့သာ လုံးပန်းခဲ့ရတဲ့ အင်္ဂလန်တိုက်စစ်မှူး အန်ဒီကာရိုးလ်ကို ဝက်စ်ဟမ်းအသင်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပေးတော့မယ်လို့ သိရပါတယ်။
အသက် ၃၀ အရွယ် ရှိလာပြီဖြစ်တဲ့ အန်ဒီကာရိုးလ်ဟာ ခြေချင်းဝတ်ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူနေရသူလည်း ဖြစ်ပါတယ်။
အန်ဒီကာရိုးလ်ဟာ လီဗာပူးအသင်းမှာ ၁၄၂ ပွဲ ကစားပေးထားပြီး ၃၄ ဂိုး သွင်းယူပေးထားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ အန်ဒီကာရိုးလ်အနေနဲ့ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်လို့ ပွဲထွက်ကစားတော့မယ့်အချိန်မှာ ဝက်စ်ဟမ်းအသင်းက အခုလို ထုတ်ပြန်ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။
ဝက်စ်ဟမ်းနည်းပြ ပယ်လီဂရီနီအတွက်ကတော့ သတင်းကောင်းရှိနေပြီး ကွင်းလယ်ကစားသမား ဝီလ်ရှီးယား ဒဏ်ရာက ပြန်လည်သက်သာလာတာကြောင့် အသင်းအတွက် ပြန်လည်ကစားပေးနိုင်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။
No comments:
Post a Comment