အခုနှစ် ပရီးယားလိဂ်အတွက် အမြန်ဆုံးကစားသမား စာရင်းမှာတော့ မထင်မှတ်တဲ့ ကစားသမားတွေ ထိပ်ဆုံးမှာ ရှိနေပါတယ်။
စစ်တမ်းစမ်းသပ်ကောက်ခံမှုတွေအရ ဖူလ်ဟမ်အသင်း နောက်ခံလူ တင်မိုသီဖိုဆုမန်ဆာက ပျမ်းမျှ တနာရီကို ၂၂ မိုင်ပြေးအားရှိပြီး ထိပ်ဆုံးက ရပ်တည်နေပါတယ်။
မန်ချက်စတာယူနိုက်တက်ကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ လူငယ်ကစားသမားလေးဟာ ဝုဗ်ဘယ်နောက်ခံလူ ရူဘင်ဗီနာဂရီထက် ၀.၈ မိုင်နှုန်းအသာနဲ့ ထိပ်ဆုံးမှာ ရှိနေတာဖြစ်ပြီး တတိယနေရာမှာတော့ မန်စီးတီးတိုက်စစ်မှူး လီရွိုင်းဆာနေးက တနာရီကို ၂၁.၈၆ မိုင်နှုန်းနဲ့ အပြေးအမြန်ဆုံး ကစားသမားတွေအဖြစ် ရပ်တည်နေပါတယ်။
သူတို့ရဲ့နောက်မှာတော့ နယူးကာဆယ်ကစားသမား ဒီအန်ဒရီရဒ်လင်း၊ ဝက်စ်ဟမ်းက ဖိလစ်ပီအန်ဒါဆန်နဲ့ လီဗာပူးက ဒီဗော့ခ်အိုရီဂီတို့က ဒသမအနည်းငယ်သာကွာဟပြီး အစဉ်လိုက် ရပ်တည်နေပါတယ်။
နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ မန်စီးတီးတိုက်စစ်မှူး စတာလင်၊ လက်စတာတိုက်စစ်မှူး ဂျေမီဗာဒီ၊ လီဗာပူးက ဆာလာ၊ အာဆင်နယ်က အူဘာမီယန်းတို့ကတော့ ထိပ်ဆုံး ၆ ဦးစာရင်းနဲ့ လွဲချော်ခဲ့ပါတယ်။
Ref: burmese.dvb.no
No comments:
Post a Comment