Responsive Ads Here

Wednesday, 10 April 2019

ဟာဇက်၏ အပြောင်းအရွှေ့ လာမည့်လပိုင်းအတွင်း ဖြစ်ပေါ်ဖွယ်ရှိ


အီဒင်ဟာဇက်ဟာ ချဲလ်ဆီးအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ရည်ရွယ်ချက် မရှိတာကြောင့် လာမယ့်နွေရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းကိုသာ ပြောင်းရွှေ့ဖို့ နီးစပ်နေတယ်လို့ မီဒီယာက ရေးသားဖော်ပြနေကြပါတယ်။
ဟာဇက်ဟာ လာမယ့်ရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး ချဲလ်ဆီးအသင်းကလည်း ကစားသမားကို စာချုပ်သက်တမ်း မတိုးနိုင်ဘူးဆိုရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပေးရမှာကို မလိုလားဘူးလို့ သိရပါတယ်။
ဒါ့ကြောင့် ဟာဇက်ရဲ့ အပြောင်းအရွှေ့ဟာ လာမယ့်လပိုင်းအတွင်း ဖြစ်ပေါ်လာဖွယ်ရှိပြီး ကလေးဘဝက အားကျခဲ့ရတဲ့ ဇီဒန်းဆီကိုသာ အရောက်သွားဖွယ် ရှိပါတယ်။
ဟာဇက်ဟာ ချဲလ်ဆီးအတွက် အခုရာသီ ၄၂ ပွဲ ကစားပေးထားပြီး ၁၉ ဂိုး သွင်းယူပေးထားသလို အသင်းရရှိခဲ့တဲ့ တခြားသွင်းဂိုး ၃၁ ဂိုးမှာလည်း တိုက်ရိုက်ပါဝင်ပတ်သက်နေတာ ဖြစ်ပါတယ်။

No comments:

Post a Comment