Responsive Ads Here

Friday, 14 December 2018

လက်စတာနောက်ခံလူကို မန်စီးတီး စိတ်ဝင်းစားနေ


မန်စီးတီးအသင်းဟာ ဒဏ်ရာရရှိသွားတဲ့ မန်ဒီရဲ့နေရာမှာ အစားထိုးဖို့ လက်စတာစီးတီးအသင်းရဲ့ နောက်ခံလူ ဘန်ချေးလ်ဝဲလ်ကို စိတ်ဝင်စားနေတယ်လို့သိရပါတယ်။
သတင်းတွေမှာ ဖော်ပြချက်အရ နောက်ခံလူ ဘန်ချေးလ်ဝဲလ်ကို ပေါင်သန်း ၅ဝ ထိပေးပြီး ဇန်နဝါရီအပြောင်းအရွှေ့မှာ အရခေါ်ယူဖို့ပြင်ဆင်နေတာပါ။
အသက် ၂၁ နှစ်အရွယ်သာ ရှိသေးတဲ့ ဘန်ချေးလ်ဝဲလ်ဟာ ဒီရာသီ လက်စတာအတွက် ၁၆ ပွဲထိ ပွဲထွက်ကစားပေးထားသလို အင်္ဂလန်အသင်းအတွက်လည်း ၅ ပွဲ အသင်းခေါင်းဆောင်ရာထူးကို တာဝန်ယူကစားထားပြီး အနိုင်ရလဒ်ကို စွမ်းဆောင်ထားနိုင်ပါတယ်။
မန်ဒီရဲ့ ဒဏ်ရာရရှိမှုအတွက် ဖေဘီယန်ဒက်ဖ်နဲ့ ဇင်ချန်ကိုတို့ကို နောက်ခံလူနေရာမှာ အသုံးပြုနေရပြီး ခံစစ်ပိုင်းမှာ အားနည်းချက်တွေ ရှိနေခဲ့ပါတယ်။
မန်ဒီကို ပြီးခဲ့တဲ့နွေရာသီက မိုနာကိုကနေ ပေါင် ၅၂ သန်းနဲ့ခေါ်ယူခဲ့တာဖြစ်ပေမယ့် ဒဏ်ရာကြောင့် ၁၈ လနီးပါး အနားယူရဖွယ်ရှိနေပါတယ်။
Ref: http://burmese.dvb.no

No comments:

Post a Comment