မော်ရင်ဟိုအနေနဲ့ အက်ဒ်ဝုဒ်ဝါ့ဒ်နဲ့ တွေ့ဆုံမှုဟာ ကစားသမားသစ် ခေါ်ယူရေးအတွက်ပဲလို့ ထင်ခဲ့တာဖြစ်ကြောင်း ဆန်းဒေးတိုင်းမ် သတင်းစာက ရေးသားခဲ့ပါတယ်။
မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်က အက်ဒ်ဝုဒ်ဝါ့ဒ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပြီး ဇန်နဝါရီ အပြောင်းအရွှေ့အတွက် ကစားသမားသစ် ခေါ်ယူရေးနဲ့ ပတ်သက်ပြီး ခေါ်ယူတွေ့ဆုံတာလို့ ထင်မှတ်ခဲ့ကြောင်း ဆိုပါတယ်။
တကယ်တမ်းမှာတော့ မော်ရင်ဟိုထင်ထားသလို မဖြစ်ခဲ့ဘဲ ရာထူးကနေ ထုတ်ပယ်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့တာပါ။
မော်ရင်ဟိုအနေနဲ့ ချန်ပီယံလိဂ်ပြိုင်မှာ ဆက်ပြီး ယှဉ်ပြိုင်ခွင့်ရအောင် စွမ်းဆောင်ထားတာကြောင့် ရာသီဝက်ကာလမှာ သူ့ကို ထုတ်ပယ်လိမ့်မယ်လို့ ထင်မှတ်မထားကြောင်း သိရပါတယ်။
မန်ယူအသင်းဘုတ်အဖွဲ့ဟာ မော်ရင်ဟိုကို ပေါင် ၂၄ သန်း လျော်ကြေးပေးပြီး ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။
မန်ယူအသင်းဟာ မော်ရင်ဟိုရဲ့နေရာမှာ တိုက်စစ်မှူးဟောင်း ဆိုးလ်ရှားကို ယာယီခန့်အပ်ခဲ့ပြီး သူ့ရဲ့ အဖွင့်ပွဲမှာတော့ ကာဒစ်ကို ၅ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။
Ref:http://burmese.dvb.no
No comments:
Post a Comment