Responsive Ads Here

Monday, 24 December 2018

မန်ယူတွင် အားကစားဒါရိုက်တာရာထူး ရယူလိုသည့် ပီတာရှမိုက်ကယ်


မန်ချက်စတာယူနိုက်တက် ဂိုးသမားဟောင်း ပီတာရှမိုက်ကယ်ဟာ အသင်းရဲ့ အားကစားဒါရိုက်တာ ရာထူးကို ရယူပြီး အရင်တုန်းကလို အောင်မြင်မှုရအောင် လုပ်ဆောင်လိုနေတယ်လို့ သိရပါတယ်။
မန်ယူအသင်းမှာ အားကစာဒါရိုက်တာရာထူး လစ်လပ်နေပြီး အဲဒီရာထူးနဲ့ ကိုက်ညီတဲ့ အရည်အချင်း ရှိလားဆိုတာ စဉ်းစားနေပြီး ခရစ္စမတ်နဲ့ နှစ်သစ်ကူးအပြီးမှာ ဆုံးဖြတ်ချက်ချမယ်လို့ ရှမိုက်ကယ်က ဘီဘီစီရေဒီယို-5 နဲ့ တိုက်ရိုက်အင်တာဗျူးမှာ ပြောပါတယ်။
မိမိအနေနဲ့ အသက်အရွယ် ကြီးလာပေမယ့် ဘောလုံးလောကကို နည်းလမ်းတမျိုးနဲ့ ပြန်လာဖို့ ဆန္ဒရှိနေပြီး မန်ယူအသင်းကို နည်းပြဟောင်း ဖာဂူဆန် လက်ထက်ကလို စိတ်ဓာတ်နဲ့ခြေစွမ်းမျိုး ပြန်ရအောင် ကူညီပေးချင်တယ်လို့ ရှမိုက်ကယ်က ဆိုပါတယ်။
ဒီလိုလုပ်ဆောင်ဖို့ဟာ ခက်ခဲပြီး စိန်ခေါ်မှုတွေ ရှိနေပေမယ့် အကောင်းဆုံး လုပ်ဆောင်နိုင်မယ်လို့လည်း ရှမိုက်ကယ်က ယုံကြည်ထားပါတယ်။
အသက် ၅၅ နှစ်ရှိပြီဖြစ်တဲ့ ဒိန်းမတ်နဲ့ မန်ယူဂိုးသမားဟောင်း ရှမိုက်ကယ်ဟာ မန်ယူအသင်းမှာ ၈ နှစ်ကြာ ကစားခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်နဲ့ တခြား အဓိကဆုဖလား ၅ လုံး ရယူနိုင်ခဲ့ပါတယ်။

Ref :http://burmese.dvb.no

No comments:

Post a Comment