Responsive Ads Here

Tuesday, 25 December 2018

ချန်ပီယံလိဂ်ဝင်ခွင့်ရရန် ဖြစ်နိုင်သေးသည်ဟု မန်ယူနောက်ခံလူ လုခ်ရှော ပြော


ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ဖြစ်နိုင်သေးတယ်လို့ မန်ယူနောက်ခံလူ လုခ်ရှောက ပြောကြားလိုက်ပါတယ်။
မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၈ အပြီးမှာ ၈ ပွဲနိုင် ၅ ပွဲသရေ ၅ ပွဲရှုံးရလဒ်နဲ့ ၂၉ မှတ် ရရှိထားတာပါ။
ချန်ပီယံလိဂ်ဝင်ခွင့်ရမယ့် အဆင့်လေးနေရာက ချဲလ်ဆီးနဲ့ ၈ မှတ်ကွာဟနေပေမယ့် အဲဒီနေရာကို ရယူဖို့ ဖြစ်နိုင်သေးတယ်လို့ လုခ်ရှောက ပြောလိုက်တာပါ။
မိမိတို့အသင်းအနေနဲ့ လက်ရှိခြေစွမ်းအတိုင်းသာ ကစားမယ်ဆိုရင် ထိပ်ဆုံးလေးသင်း စာရင်းဝင်ဖို့ မဖြစ်နိုင်စရာအကြောင်းမရှိဘဲ ချန်ပီယံလိဂ်ပြိုင်ပွဲကိုလည်း ဆက်ပြီး ကစားချင်တယ်လို့ လုခ်ရှောက ပြောပါတယ်။
နည်းပြဟောင်း မော်ရင်ဟိုနဲ့ ပတ်သက်ပြီးလည်း သူဟာ အသင်းက မရခဲ့ဘူးတဲ့ ယူရိုပါလိဂ်ဖလားကို ရယူပေးခဲ့သူဖြစ်ပြီး လေးစားမှုရှိကြဖို့လည်း လုခ်ရှောက ပြောကြားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ အခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ သင်းအဆင့်မှာတော့ ပီအက်စ်ဂျီနဲ့ တွေ့ဆုံနေပါတယ်။

Ref: http://burmese.dvb.no

No comments:

Post a Comment