ပရီးမီးယားလိဂ် ချန်ပီယံဆုရဖို့ ခက်ခဲပေမယ့် အကောင်းဆုံး ကြိုးစားမယ်ဆိုရင် ဖြစ်နိုင်သေးတယ်လို့ စပါးနည်းပြ ပိုချက်တီနိုက ပြောကြားလိုက်ပါတယ်။
စပါးအသင်းဟာ အဲဗာတန်အသင်းနဲ့ပွဲမှာ ခြေစွမ်းပြကစားပြီး ၆ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးအသင်းနဲ့ ၆ မှတ်ပဲ ကွာဟတော့တာပါ။
ချန်ပီယံဆုအတွက် လီဗာပူးနဲ့ မန်စီးတီးအသင်းတွေက ပိုပြီး ရေပန်းစားတဲ့ အသင်းတွေဆိုတာ ထင်ရှားပေမယ့် ပွဲစဉ်တွေ ဆက်ကစားဖို့ရှိသေးပြီး မိမိတို့အသင်းက ချန်ပီယံဆုကို စိန်ခေါ်နိုင်သေးတယ်လို့ ပိုချက်တီနိုက ဆိုပါတယ်။
ဘောလုံးမှာ ခြေစွမ်းတည်ငြိမ်ဖို့က အရေးကြီးပြီး စပါးအသင်းအနေနဲ့လည်း လက်ရှိခြေစွမ်းကို ဆက်ထိန်းနိုင်ဖို့တော့ လိုတယ်လို့လည်း ပိုချက်တီနိုက ပြောကြားခဲ့ပါတယ်။
မန်ယူနည်းပြရာထူးနဲ့ ပတ်သက်ပြီး ဖြေကြားရာမှာတော့ ကောလာဟလတွေသာဖြစ်ပြီး စပါးအသင်းပေါ်မှာပဲ အာရုံစိုက်ထားတယ်လို့ ဆိုပါတယ်။
Ref: http://burmese.dvb.no
No comments:
Post a Comment