ရုပ်သံပြန်ကြည့်ပြီး ဆုံးဖြတ်မယ့် VAR စနစ်ကို အခုနှစ် ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်တွေကစပြီး အသုံးပြုတော့မယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ်က ကြေညာလိုက်ပါတယ်။
VAR စနစ်ကို ဥရောပပြိုင်ပွဲတွေမှာ ဆက်လက်အသုံးပြုသွားတော့မှာဖြစ်ပြီး အခုနှစ် ယူရိုပါလိဂ်ဗိုလ်လုပွဲ၊ နေးရှင်နယ်လိဂ်ပွဲစဉ်တွေနဲ့ ဥရောပ ယူ-၂၁ ပြိုင်ပွဲတွေမှာ ဆက်လက်အသုံးပြုတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
Video Assistant Refree လို့ခေါ်တဲ့ VAR စနစ်ဟာ ပယ်နယ်တီနဲ့ ဂိုးဝင်မဝင် ဆုံးဖြတ်မှု စတာတွေမှာ ကွင်းလယ်ဒိုင်လူကြီးရဲ့ အချက်ပြသမှုနဲ့ ရုပ်သံကိုပြန်ကြည့်ပြီး ဆုံးဖြတ်ပေးတာ ဖြစ်လို့ အငြင်းပွားဖွယ်ရာ ကိစ္စတွေကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။
ဥရောပဘောလုံးအဖွဲ့ချုပ်အနေနဲ့ အနာဂတ်ပြိုင်ပွဲတွေဖြစ်တဲ့ ၂၀၂၀ ယူရိုပြိုင်ပွဲမှာလည်း VAR စနစ်ကို အသုံးပြုဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
Ref: burmese.dvb.no
No comments:
Post a Comment