မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာစီးတီး အသင်းက ၆ ဂိုး ၁ ဂိုးနဲ့ ဆောက်သမ်တန်ကို ပြတ်ပြတ်သားသား အနိုင်ရသွားပါတယ်။
မန်စီးတီးအတွက် ဦးဆောင်ဂိုးကို ပွဲအစ ၆ မိနစ်မှာ တဖက်ကစားသမား ကိုယ့်ဂိုးကိုယ် သွင်းမိရာကနေ ရသွားတာပါ။ အဲဒီနောက် ဒုတိယဂိုးကို ၁၂ မိနစ်မှာ တိုက်စစ်မှူး အဂူရို၊ တတိယဂိုးကို ၁၈ မိနစ်မှာ ဆေးဗားက သွင်းယူပါတယ်။
ဆောက်သမ်တန်အတွက် ချေပဂိုးကို မိနစ် ၃၀ မှာ ပင်နယ်တီကနေ အင့်စ်က သွင်းယူပါတယ်။ မန်စီးတီးက ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့ပေမယ့် ဆောက်သမ်တန်က အပြန်အလှန် ထိုးဖောက် ကစားနိုင်ခဲ့ပါတယ်။
မန်စီးတီးအတွက် ၄ ဂိုးမြောက်နဲ့ ၅ ဂိုးမြောက်ဂိုးတွေကို တိုက်စစ်မှူး စတားလင်းက သွင်းယူပါတယ်။
ဒီပွဲမှာ ခြေစွမ်းပြနိုင်တဲ့ တိုက်စစ်မှူး စတားလင် အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရပါတယ်။ အပိတ်ဂိုးကို တိုက်စစ်မှူး ဆာနေးက ၉၁ မိနစ်မှာ သွင်းယူပါတယ်။
ဒီပွဲနိုင်တဲ့ မန်စီးတီးက ၂၉ မှတ်နဲ့ အမှတ်ပေးဇယားထိပ်ကို ပြန်တက်နိုင်ခဲ့ပါတယ်။ ဆောက်သမ်တန်ကတော့ ၇ မှတ်နဲ့ အဆင့် ၁၆ မှာ ရပ်တည်နေပါတယ်။
Ref: http://burmese.dvb.no
No comments:
Post a Comment