မနေ့ညက ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မန်ချက်စတာစီးတီးက ဘရိုက်တန်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
မန်စီးတီးအတွက် တလုံးတည်းသော အနိုင်ဂိုးကို ပွဲအစ ၄ မိနစ်မှာပဲ တိုက်စစ်မှူး ဂျီးဆက်က သွင်းယူပါတယ်။
ဝင်ဘလေကွင်းမှာ ကစားခဲ့တာဖြစ်ပြီး မန်စီးတီးက တဖတ်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့ပါတယ်။ ဂိုးပေါက် ကန်သွင်းခွင့်မှာတော့ မန်စီးတီးက ၄ ကြိမ်၊ ဘရိုက်တန်က ၂ ကြိမ် ရခဲ့ပါတယ်။
ဒီပွဲမှာ ဘရိုက်တန် ခံစစ်ကစားပုံ ကောင်းတဲ့အတွက် ဂိုးပြတ်မရှုံးတာ ဖြစ်ပါတယ်။ မန်စီးတီး နောက်တန်းသမား လာပေါ်တေး ဒီပွဲမှာ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရပါတယ်။
ဒီပွဲနိုင်တဲ့ မန်စီးတီးက ၁၁ ကြိမ်မြောက်အဖြစ် အက်ဖ်အေဖလား ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။
No comments:
Post a Comment