အီတလီမြောက်ပိုင်းမှာ ဒီသီတင်းပတ်အတွင်း လေပြင်းတိုက်ခဲ့မှုကြောင့် ထောင်နဲ့ချီတဲ့ သစ်ပင်တွေ လဲပြိုခဲ့ပြီး လူ ၁၅ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
၁ နာရီ ၁၁၈ မိုင်ထိရှိတဲ့ လေတိုက်နှုန်းကြောင့် ထရန်တီနို အော်တိုနဲ့ ဗေနေတိုမြို့တွေက အနှစ်ရာချီနေတဲ့ ထင်ရှူးပင်တွေ ပြိုလဲခဲ့တာပါ။
ဒါကြောင့် အဲ့လ်ပ်စ် သစ်တောရဲ့ သဘာဝပတ်ဝန်းကျင် အမွေအနှစ်တွေ ပျက်စီးခဲ့ပါတယ်။ ဒိုလိုမိုက်ဒေသမှာ ထောင်နဲ့ချီတဲ့ ထင်းရှူးနီပင်တွေ ပြိုကျတဲ့အပြင် မြေပြိုရာမှာ ရောပါသွားခဲ့လို့ လမ်းတွေ ပိတ်ဆို့ကုန်တဲ့အတွက် ရွာတွေ အဆက်အသွယ် ပြတ်ကုန်ပါတယ်။
အီတလီနိုင်ငံ မြောက်ကနေ တောင်အထိ ကျွန်းဆွယ်ကို ဆိုးရွားတဲ့ ရာသီဥတု ရိုက်ခတ်ခဲ့လို့ ဗင်းနစ်မြို့ အစိတ်အပိုင်း အတော်များများ ရေလွှမ်းမိုးခဲ့ပါတယ်။
Ref:http://burmese.dvb.no
No comments:
Post a Comment