ဂျူဗင်တပ်စ်၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ မန်စီးတီးအစရှိတဲ့ ဥရောပထိပ်သီးတွေရဲ့ပစ်မှတ် အေဂျက်စ်နောက်ခံလူ မက်သစ်ဇ် ဒီလစ်ရဲ့ တန်ကြေးကို ပေါင် ၄၄ သန်းကနေ ၅၂ သန်းထိ တိုးမြှင့်လိုက်ပါတယ်။
အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ အဆိုပါနယ်သာလန် ကွင်းလယ်အဖျက်ကစားသမားဟာ အေဂျက်စ်အသင်းအတွက် နှစ်ရာသီဆက် ပုံမှန်ပွဲထွက်ခွင့်ရနေပြီးတော့ ဥရောပအသင်းကြီးတွေရဲ့ စောင့်ကြည့်ခြင်းကို ခံလာရသူလည်း ဖြစ်ပါတယ်။
စပိန်သတင်းစာတစောင်ရဲ့ ဖော်ပြချက်အရ ဒီလစ်ဟာ အသင်းပြောင်းဖို့ ရှိပေမယ့် အသင်းကလည်း ဈေးပေါပေါနဲ့ ရောင်းထုတ်လိမ့်မှာမဟုတ်ဘူးလို့ သုံးသပ်ထားပါတယ်။
ဒီလစ်ကို ခေါ်ယူဖို့ ထိပ်ဆုံးက ရေပန်းစားနေတာကတော့ ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ်တို့ဖြစ်ပြီး ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးတို့ကလည်း အခွင့်အရေးရတာနဲ့ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဒီလစ်ဟာ အေဂျက်စ်အသင်းအတွက် ပွဲ ၈၀ ကစားပြီး ၈ ဂိုးသွင်းယူထားကာ ၄ ဂိုး ဖန်တီးပေးထားပါတယ်။
နယ်သာလန်အသင်းအတွက်တော့ ၂၀၁၇ မတ်လက ဘူဂေးလ်ရီးယားအသင်းနဲ့ ကစားတဲ့ပွဲမှာ ပထမဆုံး နိုင်ငံလက်ရွေးစင်ဖြစ်ခဲ့ပြီး လက်ရှိအချိန်ထိ ၁၁ ပွဲ ကစားထားခဲ့ပါတယ်။
Ref:http://burmese.dvb.no
No comments:
Post a Comment