Responsive Ads Here

Sunday, 4 November 2018

တန်းဆင်းရမည့်အရေး တွေးမပူဟု မိုနာကိုနည်းပြ အွန်နရီ ပြော


အခုသီတင်းပတ်ပွဲစဉ်မှာလည်း ရလဒ်တွေ ဆက်လက်ဆိုးရွားခဲ့ပေမယ့် သူတို့အသင်း တန်းဆင်းနိုင် ချေရှိနေမှုကို တွေးပူနေမှာ မဟုတ်ဘူးလို့ လီဂူးကလပ် မိုနာကိုအသင်းရဲ့ နည်းပြ သီယာရီ အွန်နရီက ပြောပါတယ်။
အွန်နရီရဲ့ မိုနာကိုအသင်းဟာ ပြီးခဲ့တဲ့ စနေနေ့ပွဲစဉ်မှာ Reims အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ဒီပွဲမှာ နှစ်ဖက်စလုံးက ကစားသမားတယောက်စီ အထုတ်ခံခဲ့ရပါတယ်။
စနေနေ့ ရှုံးပွဲကြောင့် ၂၀၁၆-၁၇  လီဂူးချန်ပီယံ မိုနာကိုအသင်းရဲ့ ရလာဒ်ဆိုးရွားနေမှုဟာ ဆက်လက်သက်ဆိုးရှည်ခဲ့ပြီး အသင်းဟာ ၁၂ ပွဲကစား ပြီးချိန်မှာ တပွဲသာ အနိုင်ရခဲ့ပြီး တန်းဆင်းဇုန်နဲ့ သုံးမှတ်အကွာကို ရောက်ရှိသွားခဲ့ပါတယ်။
ဒီအခြေအနေမှာ ပြီးခဲ့တဲ့ လကစတင်လို့ အသင်းကိုလွှဲပြောင်းတာဝန်ယူခဲ့တဲ့ အွန်နရီက တန်ဆင်းရမှာကို တွေးပူခြင်းမရှိဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပြီး အသင်းရဲ့ စွမ်းဆောင်ရည်ကိုတော့ အားမရဘူးလို့ပြောပါတယ်။
“ကျနော်တို့ ခက်ခဲတဲ့ အခြေအနေဆိုးတခုနဲ့ ရင်ဆိုင်နေရတာ သေချာပါတယ်။ ဒါပေမယ့်  ကျနော်တို့ တန်းဆင်းရမှာတော့ လုံးဝမစိုးရိမ်ပါဘူး” လို့ အာဆင်နယ် ဂန္တာဝင်ကစားသမားဟောင်း ကပြောပါတယ်။
“ကျနော်ပြောခဲ့သလိုပါပဲ၊ ကျနော်တို့ ပွဲတွေကစားဖို့ အများကြီးရှိပါသေးတယ်။ အဲဒီအတွက် အမှတ်တွေများစွာ ရရှိမယ်လို့လည်း ယုံကြည်ပါတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ ကျနော်တို့အထက်က အသင်းတွေကြားမှာ အမှတ်ကွာဟချက်တွေ များလာမယ်ဆိုရင်တော့ အခြေအနေတွေက ပိုဆိုးလာမယ်” လို့လည်း အွန်နရီက သတင်း စာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
မိုနာကိုအသင်းဟာ အသင်းရဲ့ကြယ်ပွင့်ကစားသမား အများစုထွက်ခွာမှုနဲ့အတူ ရလဒ်တွေ ဆိုးရွားနေပြီး ဒီအခြေအနေဆိုးကို နည်းပြလောကထဲ ဝင်ရောက်လာကာစ အွန်နရီတယောက် ဘယ်လိုကိုင် တွယ်သွားမလဲဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Ref:http://burmese.dvb.no

No comments:

Post a Comment