အသင်းပိုင်ရှင် ဗီချိုင်း ရဟတ်ယာဉ်ပျက်ကျတာကြောင့် သေဆုံးခဲ့တဲ့အချိန်ဟာ ဘဝတသက်တာမှာ အခက်ခဲဆုံး ရက်သတ္တပတ်ဖြစ်တယ်လို့ လက်စတာတိုက်စစ်မှူး ဗာဒီက ပြောပါတယ်။
လက်စတာစီးတီးအသင်းပိုင်ရှင် ဗီချိုင်းအပါအဝင် ၅ ဦးသေဆုံးခဲ့ရတဲ့ အဆိုပါ ရဟတ်ယာဉ်ပျက်ကျမှုဖြစ်စဉ်ဟာ လက်စတာတမြို့လုံးအတွက်လည်း ဝမ်းနည်းစရာဖြစ်ခဲ့ပြီး ဘောလုံးအသိုင်းအဝိုင်းမှာလည်း စိတ်မကောင်းစရာဖြစ်ရပ်တခုဖြစ်ပါတယ်။
ဗာဒီဟာ အသင်းပိုင်ရှင် ဗီချိုင်းနဲ့ ရင်းနှီးသူတယောက်ဖြစ်ပြီး ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ရက်အတန်ကြာပြုလုပ်မယ့် အသုဘကိုလည်း တက်ရောက်သွားဖို့ ရှိတယ်လို့ သိရပါတယ်။
ဗာဒီက ရဟတ်ယာဉ် ပျက်ကျခဲ့တဲ့နေ့က ဖြစ်စဉ်နဲ့ပတ်သက်လို့ မိသားစုနဲ့အတူ အိမ်ပြန်သွားခဲ့တာဖြစ်ပြီး သတင်းကြားလိုက်ရချိန်မှာ မယုံကြည်နိုင်ခဲ့ပဲ ဖုန်းတွေခေါ်ခဲ့ကြောင်း၊ ဒါပေမယ့် တဦးမှ ဖုန်းမကိုင်ခဲ့တာကြောင့် တခုခုမှားယွင်းနေပြီဆိုတာ သိခဲ့တယ်လို့ ပြောပါတယ်။
အဲ့နောက်မှာတော့ သေချာတဲ့ သတင်းဆိုးကို ကြားသိခဲ့ရပြီးတော့ သူ့ဘဝတသက်တာမှာ အခက်ခဲဆုံး ရက်သတ္တပတ် ဖြစ်ခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။
အဆိုပါဖြစ်စဉ်ကို ဦးစွာမြင်တွေ့ပြီး ပြေးထွက်လာခဲ့တဲ့ ဂိုးသမား ကက်စပါရှမိုက်ကယ်ကလည်း အခုတိုင် စိတ်မကောင်းဖြစ်နေသေးတယ်လို့ သိရပါတယ်။
Ref:http://burmese.dvb.no
No comments:
Post a Comment