အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အာရှ ဗိုဗီနမ် လက်သိုင်းပြိုင်ပွဲမှာ မြန်မာကစား သမားတွေက ရွှေတံဆိပ် ၃ ခု၊ ငွေ ၁ ခု၊ ကြေး ၅ ခု ရယူထားပါတယ်။
ဗီယက်နမ်အားကစားနည်းတခုဖြစ်တဲ့ ဗိုဗီနမ် လက်သိုင်းပြိုင်ပွဲကို နိုဝင်ဘာ ၂ ရက်ကတည်းက စတင်ကျင်းပနေတာဖြစ်ပြီး ပထမရက်မှာ ရွှေ ၁ ခု၊ ငွေ ၁ ခု၊ ကြေး ၄ ခုရခဲ့ပြီး ဒီကနေ့ မနက်ပိုင်းမှာ ရွှေ ၂ ခုနဲ့ ကြေး ၁ ခုထပ်ရခဲ့တာပါ။
ရွှေတံဆိပ်ဆုတွေကို အမျိုးသား ၂ ယောက်တွဲ အပြပြိုင်ပွဲမှာ ဆလိုင်းမနားကွီး နဲ့ ဘိုဘိုတို့ကွှ ၁ ခု၊ အမျိုးသား လက်အပြပြိုင်ပွဲမှာ ရဲဝင့်ထူးက ၁ ခု၊ အမျိုးသမီး လက်အပြပြိုင်ပွဲမှာ မခိုင်ဝါဖူး က ၁ ခု ရယူခဲ့တာပါ။ မြန်မာဗိုဗီနမ်အဖွဲ့အနေနဲ့ ကစားသမား ၄ ဦးနဲ့ သွားရောက်ယှဉ်ပြိုင်တာဖြစ်ပြီး တခြားဆု တံဆိပ်တွေကိုလည်း ဆလိုင်းမနားကွီး၊ ဘိုဘိုနဲ့ မခိုင်ဝါဖူး တို့က တဦးချင်းနဲ့ နှစ်ယောက်တွဲပြိုင်ပွဲတွေမှာ ရရှိခဲ့တာပါ။
အခုပြိုင်ပွဲမှာ ပြိုင်ပွဲအမျိုးအစား ၃၈ မျိုးကို အာရှနိုင်ငံ ၁၇ နိုင်ငံ ဝင်ပြိုင်နေပြီး မြန်မာအဖွဲ့က ၁၁ မျိုးမှာပဲ ဝင်ရောက်ယှဉ်ပြိုင်နေတာပါ။ ပြိုင်ပွဲကိုတော့ နိုဝင်ဘာ ၇ ရက်အထိ ဆက်လက်ကျင်းပမှာဖြစ်ပါတယ်။
Ref: http://burmese.dvb.no
No comments:
Post a Comment