မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆန်းချက်ဇ်ကိုပေးထားတဲ့ လစာပမာဏကြောင့် အသင်းမှာရှိတဲ့ အဓိကကစားသမားတချို့ကို စာချုပ်သစ်တွေ ချုပ်ဆိုဖို့ အခက်အခဲတွေ ရှိနပါတယ်။
မာရှယ်နဲ့ဒီဂီယာတို့ဟာ အခုရရှိနေတဲ့ လက်ရှိလစာထက် ၂ ဆပိုလိုချင်နေတယ်လို့ သိရပါတယ်။
ဒီဂီယာဟာ လက်ရှိမှာ တပတ်လုပ်ခပေါင် ၁၇၅၀၀၀ ရရှိနေပြီး မာရှယ်ကတော့ ပေါင် ၇၀၀၀၀ သာ ရရှိနေပါတယ်။
စာချုပ်သက်တမ်း ကုန်တော့မယ့် ကစားသမားတွေထဲမှာ ဗလင်စီယာ၊ မာတာ၊ ပရဲရား၊ ဒါမီယန်၊ အက်ရှလေယန်း၊ ဟာရဲရား၊ စမောလင်း၊ ဖီးလ်ဂျုန်းစ် အစရှိတဲ့ ကစားသမားတွေ ပါဝင်ပါတယ်။
တပတ်လုပ်ခပေါင် ၃၅၀၀၀၀ ထိ ရရှိနေတဲ့ ဆန်းချက်ဇ်ကတော့ အခုရာ သီမှာ ခြေစွမ်းပြနိုင်ခြင်း မရှိတဲ့အပြင် ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
Ref: http://burmese.dvb.no
No comments:
Post a Comment