မန်ယူနောက်ခံလူ လင်ဒီလော့ဖ်ဟာ ၂၀၁၈ ခုနှစ်အတွက် ဆွီဒင် တနှစ်တာ အကောင်းဆုံး ကစားသမားဆု ရရှိခဲ့ပါတယ်။
လင်ဒီလော့်ဖ်က အကောင်းဆုံး ကစားသမားဆု ရတဲ့အပေါ် ကျေနပ်ဂုဏ်ယူမိတယ်လို့ ပြောပါတယ်။
တိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျက ၁၀ နှစ်ဆက်တိုက် တနှစ်တာအကောင်းဆုံး ကစားသမားဆု ရခဲ့ပြီးနောက်ပိုင်း နောက်ခံလူ ဂရန်းဗစ်က တကြိမ်ရခဲ့ပြီး လင်ဒီလော့ဖ်က အခုနှစ်မှာ ရယူနိုင်ခဲ့တာပါ။
ဒီဆုရတာဟာ အဓိပ္ပာယ်တွေ အများကြီးရှိပြီး လက်ရွေးစင် အသင်းဖော်တွေနဲ့ မန်ယူက အသင်းဖော်တွေအားလုံးကို ကျေးဇူးတင်တယ်လို့ လင်ဒီလော့ဖ်က ပြောကြားခဲ့ပါတယ်။
အသက် ၂၄ နှစ်ရှိ နောက်ခံလူ လင်ဒီလော့ဖ်ဟာ မန်ယူအသင်းမှာ ပွဲထွက်ခွင့်ရလာပြီး ဆွီဒင်အသင်းမှာလည်း ခြေစွမ်းပြနေပါတယ်။
Ref:http://burmese.dvb.no
No comments:
Post a Comment