Responsive Ads Here

Wednesday, 14 November 2018

ကမ္ဘာပေါ်တွင် လုပ်ခအများဆုံးပေးရသည့် ကလပ်အဖြစ် ဘာစီလိုနာ စံချိန်တင်


ဘာစီလိုနာအသင်းဟာ ကစားသမားတွေအတွက် တနှစ်ကို ပေါင် ၄၂၄ သန်း ပေးချေနေရပြီး ကမ္ဘာပေါ်မှာ လုပ်ခအများဆုံးပေးရတဲ့ ကလပ်အဖြစ် စံချိန်တင်နေပါတယ်။
၂၀၁၇-၂၀၁၈ ခုနှစ် ဘောလုံးရာသီအတွက် ဘဏ္ဍာရေးအခြေအနေကို ထုတ်ပြန်ရာမှာ ဖော်ပြခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကထက် ၄၃ ရာခိုင်နှုန်းပိုလာပြီး ပေါင် ၁၂၈ သန်း တိုးမြင့်လာတာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းရဲ့ တနှစ်လုပ်ခ ပေးချေမှုဟာ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းထက် ပေါင်သန်း ၈၀ ပိုများနေပြီး ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းထက်လည်း နှစ်ဆနီးပါး များပြားနေတာပါ။
ကစားသမားတွေ ရောင်းချမှုအတွက်တော့ ပေါင် ၁၈၁ သန်း အမြတ်ရခဲ့တယ်လို့ ဆိုပါတယ်။
ပရီးမီးယားလိဂ်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းက တနှစ်ကို ပေါင် ၂၉၃ သန်းနဲ့ လုပ်ခအများဆုံး ပေးချေနေရပြီး မန်စီးတီးက ပေါင် ၂၅၇ ဒသမ ၅ သန်းနဲ့ ဒုတိယ လုပ်ခအများဆုံး ပေးချေနေရပါတယ်။
ဘာစီလိုနာအသင်းအနေနဲ့ ကမ္ဘာပေါ်မှာ လုပ်ခအများဆုံး ပေးချေနေရပေမယ့် လာမယ့်နှစ်မှာတော့ နိုက်ကီကုမ္ပဏီကနေ စပွန်ဆာအဖြစ် တနှစ်ကို ပေါင် ၉၁ ဒသမ ၄ သန်းနဲ့ ၁၀ နှစ်စာ ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

Ref:http://burmese.dvb.no

No comments:

Post a Comment