Responsive Ads Here

Wednesday, 14 November 2018

ဖူလ်ဟမ်နည်းပြအဖြစ် ရာနီရေးရီကို ခန့်အပ်

ဖူလ်ဟမ်အသင်းဟာ ပရီးမီးယားလိဂ် တန်းစီဇယား အောက်ဆုံး ရောက်နေတာကြောင့် နည်းပြ ဂျိုကန်နိုဗစ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီး အီတလီနည်းပြ ရာနီရေးရီကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။
နည်းပြသစ် ရာနီရေးရီက ဖူလ်ဟမ်အသင်းကို ဦးဆောင်ခွင့်ရတာဟာ ဂုဏ်ယူကျေနပ်စရာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
ရာနီရေးရီဟာ ၂၀၁၅ ခုနှစ်က လက်စတာအသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူနိုင်ခဲ့တဲ့ နည်းပြဖြစ်ပြီး ဖူလ်ဟမ်အသင်းကို တန်းမဆင်းရရေး အဓိက ပစ်မှတ်ထားရမှာ ဖြစ်ပါတယ်။
ဖူလ်ဟမ်အသင်းဟာ အစဉ်အလာရှိတဲ့ အသင်းဖြစ်ပြီး ကစားသမားတွေဟာလည်း အရည်အသွေးရှိတဲ့သူတွေ ဖြစ်တာကြောင့် ဇယားအောက်ဆုံးမှာ ရပ်နေပြီး တန်းမဆင်းရရေး ရုန်းကန်နေရတာဟာ မဖြစ်သင့်တဲ့ အခြေအနေ ဖြစ်တယ်လို့ ရာနီရေးရီက ဆိုပါတယ်။
ရာနီရေးရီအနေနဲ့ နိုဝင်ဘာ ၂၄ ရက် အိမ်ကွင်းမှာကစားရမယ့် ဆောက်သမ်တန်နဲ့ပွဲစဉ်က ဖူလ်ဟမ်နည်းပြဘဝ ပထမဆုံး ကိုင်တွယ်ရတဲ့ပွဲစဉ် ဖြစ်ပါတယ်။

Ref:http://burmese.dvb.no


No comments:

Post a Comment