Responsive Ads Here

Sunday, 4 November 2018

ပေါင်သန်း ၂၂၀ ဖြင့် မက်ဆီကို ခေါ်ယူရန်မကြိုးပမ်းခဲ့ဟု မန်စီးတီးနည်းပြ ပြော


ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၂ဝ နဲ့ မက်ဆီကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးတယ်ဆိုတဲ့ သတင်းတွေကို မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက ငြင်းဆန်လိုက်ပါတယ်။
ဘာစီလိုနာအသင်းကနေမက်ဆီရဲ့ ထွက်ခွာပြောင်းရွှေ့ကြေးဟာ ပေါင်သန်း ၂၂ဝ တန်ကြေး ရှိတယ်လို့ အသင်းက သတ်မှတ်ထားပြီးတော့ အဲ့ဒီပမာဏနဲ့ မန်စီးတီးက ခေါ်ယူဖို့ ကြိုးပမ်းခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့တာဖြစ်ပါတယ်။
ဂွါဒီယိုလာက မက်ဆီကို ဘယ်တော့မှ မမေးတဲ့ စကားတခွန်းရှိခဲ့ကြောင်း၊ အဲ့ဒါကတော့ မက်ဆီ ဘိုင်ယန်မြူးနစ်ကို ပြောင်းလာမလားနဲ့ မန်စီးတီးကို ပြောင်းလာမလားဆိုတဲ့ မေးခွန်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
မက်ဆီဟာ ဘာစီလိုနာမှာ ဘယ်လောက်ထိ အရေးပါတယ်ဆိုတာကို အသင်းကရော ကစားသမားရောပါ နားလည်တာကြောင့် ဘယ်တော့မှ အသင်းပြောင်းမှာမဟုတ်ဘူးလို့လည်း အခိုင်အမာပြောကြားသွားခဲ့ပါတယ်။
နည်းပြဂွါဒီယိုလာဟာ ဘာစီလိုနာအသင်းကို နည်းပြစဉ်က မက်ဆီနဲ့ အကောင်းဆုံး ဆက်ဆံရေးမှာ ရှိခဲ့တာကြောင့် အခုလိုကောလာဟလတွေ ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

Ref:http://burmese.dvb.no

No comments:

Post a Comment