အန်ဒမန်ပင်လယ်ကမ်းရိုးတန်းမှ ထူးခြားအံ့ဖွယ် ရေဆင်နှာမောင်း ၄ ခု ထွက်ပေါ်လာတဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေပြီး ကျယ်ကျယ်ပြန့်ပြန့် မျှဝေနေကြပါတယ်။
ဒီအဖြစ်အပျက်ကို ထိုင်းနိုင်ငံ၊ ခိုလိုက်ပ်ကမ်းခြေမှာ နိုဝင်ဘာ ၂၅ ရက်နေ့က တွေ့မြင်ခဲ့ကြရတာဖြစ်ပြီး ရေဆင်နှာမောင်းကြီးတွေဟာ ရုတ်တရက် ပင်လယ်ထဲက ထွက်ပေါ်နေခဲ့တာကို တွေ့ကြရမှာပါ။
ကမ္ဘာလှည့်ခရီးသွားတွေက မျက်မြင်တွေ့ရှိရတဲ့ ဒီရေဆင်နှာမောင်းကြီးတွေ အံ့အားတသင့် ကြည့်ရှုနေခဲ့ကြတာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။
ရေဆင်နှာမောင်းတွေ ထွက်ပေါ်နေခဲ့ချိန်ဟာ ၁၀ မိနစ်ကနေ ၁၅ မိနစ်ထိ ကြာခဲ့ပြီး မိုးလာချိန်မှာတော့ ပျောက်ကွယ်သွားခဲ့တာလို့ စထရိတ်စ်တိုင်းမ်သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံ မိုးလေ၀သခန့်မှန်းရေးဗျူရိုမှ ပြောရေးဆိုခွင့်ရှိသူ ဆူရာဖွန် ဆရာဖာကတော့ အန်ဒမန်ပင်လယ်ကမ်းရိုးတန်းမှာ ရေဆင်နှာမောင်းတွေဟာ မိုးရာသီမှာ ဖြစ်လေ့ ဖြစ်ထရှိပေမယ့် ခုလိုမျိုး ၄ ခု တပြိုင်တည်း ပေါ်လာတာတော့ မရှိခဲ့ဖူးဘူးလို့ ပြောပါတယ်။
Ref: http://burmese.dvb.no
No comments:
Post a Comment