Responsive Ads Here

Monday, 26 November 2018

တရုတ်-အာဆီယံ ခြသေ့င်္အက ဖိတ်ခေါ်ပွဲတွင် မြန်မာက ပထမဆုရရှိ


တရုတ်နိုင်ငံမှာ နိုဝင်ဘာ ၂၃ နဲ့ ၂၄ ရက်နေ့တွေ ကျင်းပတဲ့ တရုတ်-အာဆီယံချစ်ကြည်ရေး ခြင်္သေ့အကဖိတ်ခေါ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု မြန်မာရွှေခြင်္သေ့အသင်းက ပထမဆုရရှိသွားပါတယ်။
ဒီပြိုင်ပွဲမှာ တရုတ်ပြည်က အသင်းသုံးသင်း အပါအဝင် မလေးရှား၊ အင်ဒို၊ ဖိလစ်ပိုင်၊ ထိုင်း၊ စင်ကာပူနဲ့ မြန်မာနိုင်ငံတို့က ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး မြန်မာအသင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း အသင်းခေါင်းဆောင် ဦးစိုးလင်းက ပြောပါတယ်။
မြန်မာ ခြင်္သေ့အသင်းအနေနဲ့ ရမှတ် ၁၀ မှတ်ပေးရာမှာ  ၉ ဒသမ ၂ ရမှတ်နဲ့ ပထမဆုရခဲ့တာဖြစ်ပြီး အခုဆုနဲ့ဆိုရင် ပထမဆု နှစ်ကြိမ် ရရှိခဲ့ပြီဖြစ်ပါတယ်။

Ref: http://burmese.dvb.no

No comments:

Post a Comment