အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးဟာ စီးရီးအေထိပ်သီး အေစီမီလန်အသင်းရဲ့ နည်းပြဖြစ်လာဖို့ နီးစပ်နေပြီလို့ သိရပါတယ်။
ဒီသတင်းဟာ နည်းပြဖြစ်သူနဲ့ ကလပ်အသင်းတို့ကြား ရက်သတ္တပတ်ပေါင်းများစွာ ဆွေးနွေးပြီးတဲ့နောက် ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီအကုန်ကတည်းက အာဆင်နယ်အသင်းကနေ ထွက်ခွာပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ အာစင်ဝင်းဂါးကို လက်ရှိ အေစီမီလန်နည်းပြ ဂတ်တူဆိုနေရာမှာ အစားထိုးဖို့ ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။
ပြင်သစ်သတင်းစာတွေမှာ ဖော်ပြချက်အရတော့ အေစီမီလန်အသင်းရဲ့ အမေရိကန်သူဌေးတွေဖြစ်တဲ့ ပေါလ်နဲ့ ဂေါ်ဒွန်ဆင်ဂါတို့ဟာ အေစီမီလန်အသင်းကို အခုထက်ပိုတဲ့ အဆင့်တခုမှာ မြင်တွေ့လိုတာကြောင့် အာစင်ဝင်းဂါးနဲ့ စာချုပ်ချုပ်နိုင်ဖို့ လိုလားနေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ အေစီမီလန်အသင်းကိုတော့ အီတလီ ဂန္ထဝင်ကစားသမား ဂတ်တူဆိုက နည်းပြအဖြစ် ကိုင်တွယ်နေပြီး ၁၁ ပွဲကစားပြီးရာမှာ အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေသလို ထိပ်ဆုံးက ဂျူဗင်တပ်အသင်းနဲ့ ၁၀ မှတ်တိတိ ကွာဟနေပါတယ်။
အေစီမီလန်အသင်းဟာ အယ်လ်အေဂလက်ဆီအသင်းက နာမည်ကျော်တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျကိုလည်း ၆ လစာချုပ်နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေပေမယ့် ကစားသမားအနေနဲ့ကတော့ တနှစ်စာချုပ် ချုပ်ဆိုလိုတာကြောင့် သဘောတူညီမှုအပိုင်းမှာ ကြန့်ကြာနေတယ်လို့ သိရပါတယ်။
Ref:http://burmese.dvb.no
No comments:
Post a Comment