Responsive Ads Here

Tuesday, 6 November 2018

ရီးရဲလ်နှင့် အက်ဒီးဒက်စ်ကုမ္ပဏီတို့ ပေါင်သန်း ၉၅၀ တန်ကြေးရှိ စပွန်စာ စာချုပ် ချုပ်ဆိုမည်


ရီးရဲလ်မက်ဒရစ်အသင်းဟာ နာမည်ကြီး အားကစားပစ္စည်းကုမ္ပဏီတခုဖြစ်တဲ့ အက်ဒီးဒက်စ်နဲ့ ပေါင်သန်း ၉၅၀ တန်ကြေးရှိတဲ့ ၁၀ နှစ်တာစာချုပ်ကို ချုပ်ဆိုတော့မယ်လို့ သိရပါတယ်။
ဒီစာချုပ်ဟာ ကမ္ဘာ့စံချိန်တင်စာချုပ်ဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချုပ်ဆိုခဲ့တဲ့ ပေါင်သန်း ၇၅၀ တန် စာချုပ်ထက် တန်ကြေးများသွားခဲ့တာလည်း ဖြစ်ပါတယ်။
စာချုပ်အရ ရီးရဲလ်မက်ဒရစ်အသင်းကို အက်ဒီးဒက်စ်တံဆိပ် တပ်ဆင်ထားတဲ့ ဂျာစီနဲ့ ၂၀၂၈ ခုနှစ်အထိ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။
အခုစာချုပ်ရဲ့တန်ကြေးဟာ အက်ဒီးဒက်စ်ရဲ့ ပြိုင်ဘက် နိုက်ကီကို ထိုးနှက်ခဲ့သလို ဖြစ်ခဲ့ပါတယ်။
နိုက်ကီကုမ္ပဏီရဲ့ အန်ဘီအေ ဘတ်စ်ကတ်ဘောအသင်း ၂၁ သင်းကို ၈ နှစ်တာ စပွန်ဆာပေးတဲ့ စာချုပ်တန်ကြေးနဲ့ ညီမျှနေပါတယ်။
အက်ဒီးဒက်စ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ဟာ ၁၉၉၈ ခုနှစ်ကတည်း လက်တွဲခဲ့တာဖြစ်ပြီး ၂၀၂၈ ခုနှစ်အထိ ဆိုရင်တော့ နှစ်ပေါင်း ၃၀ လက်တွဲနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Ref:http://burmese.dvb.no

No comments:

Post a Comment