နိုင်ငံတကာ အာကာသစခန်းမှာ နေတဲ့ အာကာသယာဉ်မှူးတွေဟာ အာကာသစခန်းနဲ့ တွဲချိတ်ထားတဲ့ ဆိုယုဇ် အာကာသယာဉ်တစီးကို သြဂုတ် ၃၀ ရက်က ပြင်ဆင်ခဲ့တယ်လို့ အမေရိကန် အမျိုးသားအာကာသသိပ္ပံ (နာဆာ) က ဆိုပါတယ်။
အာကာသစခန်းရဲ့ ရုရှားဘက်အပိုင်းနဲ့ ချိတ်ဆက်ထားတဲ့ Soyuz MS-09 အာကာသယာဉ်ရဲ့ အပေါ်ပိုင်းမှာ အချင်း ၂ မီလီမီတာရှိတဲ့ အပေါက်တပေါက် တွေ့တယ်လို့ Expedition 56 အဖွဲ့ဝင်တွေက သတင်းပို့ခဲ့တာပါ။
ဒီအပေါက်ကြောင့် အာကာသစခန်းအတွင်း ဖိအားလျော့ကျခဲ့တယ်လို့ နာဆာက ပြောပါတယ်။
အာကာသယာဉ်မှူးတွေမှာ အန္တရာယ်လုံးဝမရှိဘဲ သောကြာနေ့မှာ ပုံမှန်အတိုင်း အလုပ်လုပ်လိမ့်မယ်လို့လည်း နာဆာက ဆိုပါတယ်။
ယိုစိမ့်မှုဖြစ်ရတဲ့ အကြောင်းတွေကို ရုရှား အာကာသဌာန Roscosmos က စုံစမ်းစစ်ဆေးမှာ ဖြစ်ပါတယ်။
Ref:http://burmese.dvb.no/archives/288473http://burmese.dvb.no/archives/288473
No comments:
Post a Comment