ဘာစီလိုနာအသင်းဟာ ကွင်းလယ်ကစားသမား ဘက်စကွက်ကို လျော်ကြေးပမာဏနဲ့ လုပ်ခတိုးပေးပြီး စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းထားပါတယ်။
အသက် ၃၀ နှစ်ရှိ စပိန်ကွင်းလယ်ကစားသမား ဘက်စကွက်ဟာ ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိသေးတာပါ။
ဘက်စကွက်ကို ပီအက်စ်ဂျီအသင်းက ခေါ်ယူမယ်လို့ သတင်းထွက်နေတာကြောင့် လျော်ကြေးပမာဏ ပေါင်သန်း ၁၈၀ ကနေ သန်း ၄၅၀ အထိ တိုးမြှင့်ချုပ်ဆိုမယ်လို့ ဆိုပါတယ်။
ဘက်စကွက်အနေနဲ့ ခြေစွမ်းကောင်းမွန်မှုကြောင့် ဘာစီလိုနာအသင်းက တပတ်လုပ်ခ ပေါင် ၃ သိန်းကျော်အထိ တိုးပေးဖို့ရှိပြီး လီယွန်နယ်မက်ဆီရနေတဲ့ တပတ် ပေါင် ၅ သိန်းကို မမီပေမယ့် အသင်းရဲ့ လုပ်ခအများဆုံး ကစားသမားစာရင်းထဲ ပါဝင်လာမယ်လို့ ဆိုပါတယ်။
ကွင်းလယ်ခံစစ်ကစားသမား ဘက်စကွက်ဟာ ဘာစီလိုနာ အကယ်ဒမီကနေ ပေါ်ထွက်လာတဲ့ ကစားသမားတဦးဖြစ်ပြီး အသင်းနဲ့အတူ စုစုပေါင်း ပွဲငါးရာကျော် ကစားခဲ့သလို ဆုဖလားပေါင်း ၂၀ ကျော်လည်း ရယူထားပါတယ်။
Ref:http://burmese.dvb.no/archives/286589http://burmese.dvb.no/archives/286589
No comments:
Post a Comment